ပြန်မမြင်ရတော့တဲ့ လရောင်
တစ်ယောက်ထဲကွက်ပျောက်တဲ့ အလင်း
ပရမတ်ဟာ ပါးလျသော စက္ကူစများအကြောင်း
အရောင်မရှိသော မိုးနှောင်းပန်းများအကြောင်း
အဝေးမှာပဲ လင်းတတ်သော မီးကျည်များအကြောင်း
ပညတ်ဟာ ရှည်ကြာလွန်းပါတယ်
ဓာတ်ကြီးလေးပါးဟာ ဓာတ်ကြီးလေးပါးကို
သတိရတယ်။
အဲဒီထက်ပိုလို့ သတိရတယ်။
ခက်ခဲလွန်းတဲ့ ခရီးလမ်းပါပဲ။
အဝေးကြီးကလာရတယ်။
နေမိုးဝေ
26.8.2015
No comments:
Post a Comment