Aug 6, 2007

ကြယ်တာရာတစ်စင်း လင်းလို့ကောင်းတုန်းမှာ ကျွန်တော်တို့ ကို ထားသွားတယ်








မကြာသေးခင်ကမှလုပ်ပြီးခဲ့တဲ့ ကျနော့ ရဲ့ blog လေးမှာဒီဝမ်းနည်းဖွယ် post ကိုတင်ဖို့ ကြုံလာပါတယ်။
ဆရာ့ နာရေးသတင်းကိုဖတ်မိလိုက်ရတဲ့အချိန်မှာကျနော့် အဖို့ပြောစရာ စကားလုံးတွေမရှိတော့လောက်အောင်ပါပဲ။



ရနံ့ချိုတဲ့

ဘယ်လိုပန်းတစ်ပွင့်ကိုမှ
ငါ့ရဲ့ အနက်ရောင်ခေါင်းတလားပေါ်

ပေါက်ကျဲမချနဲ့။



ငါ့အလောင်း
ငါ့အရိုးတွေပစ်မယ့်နေရာမှာ...
ဘယ် သူငယ်ချင်းကမှ

နှုတ်ဆက်စကား လာမပြောကြားစေနဲ့။

ငါ့ရဲ့ ... ချစ်မြတ်စင်ကြယ်သူလေးဟာ
ငါ့အုတ်ဂူကို ရှာမတွေ့စေနဲ့ ...။



သက်ပြင်းတို့ အုံ့ ဖြာဝေညွတ်ခြင်း...
...ကင်းတဲ့နေရာ...

အဲဒီနေရာမှာ...

ငါ့ကို မြှပ်နှံပေးပါ...။





ဒါဟာ ဆရာ့လုံးခြင်းဝတ္တုတစ်အုပ်ဖြစ်တဲ့ ‘ ငါ့ရင်ခွင်ကြားကနှင်းဆီဓါးသွားတစ်လက် ’ထဲက ကဗျာတစ်ပုဒ်ပါ။ ရှိတ်စပီးယား ရဲ့ " twelfth night " ဆိုတဲ့ပြဇာတ် ထဲက ကဗျာတစ်ပုဒ် ကို တပိုင်းတစ ဘာသာပြန်ထားတာလို့ ပါပါတယ်။

ဆရာ တာရာမင်းဝေ ကောင်းရာသုဂတိလားပါစေ

No comments: