Sep 16, 2007

သောင်ခုံ

ဘယ်လိုပဲပျိုးပျိုး
နားလည်မှုတွေက

အပင်ပေါက်မလာဘူး


အချစ်ကို အချစ်နဲ့ မျှားခဲ့
မေတ္တာကို မေတ္တာ နဲ့ ကျုံးသွင်းခဲ့
ရှေးရေစက်တွေ ရွာမလာမှတော့

မြစ်ဆိုတာ တစ်လမ်းမောင်းပဲပေါ့


ကိုယ်ရောက်ချင်တဲ့
လမ်းကလေးရေ
ကံကြမ္မာ နဲ့ အငြိမ့်ကနေရတဲ့
တို့တတွေဟာ
ဘ၀ကိုပြင်ဆင်လို့ မရဘူးကွဲ့ ။


ကမ္ဘာခြမ်းခြင်းမတူလို့
အမှောင်အလင်းတွေကွဲပြားနေတာလား ။


ငါ့သောင်ခုံမှာတော့
ဘယ်လိုပဲပျိုးပျိုး
နားလည်မှုတွေက
အပင်ပေါက်မလာကြဘူး


ရွှေဘ < ငါန်းဇွန်း>



No comments: