သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေမရဘူး
ဒါကြောင့်မို့ ငါဟာ ဒေ၀ဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခဲခဲ့ရ
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တားမြစ်ထားတဲ့ အရာကို
ငွေမရ ဘာမရ
ချစ်ခဲ့ရ ။
အောင်ချိမ့်
No comments:
Post a Comment