Jan 2, 2009

မြစ်များ

မြင့်ရာမှ နိမ့်ရာသို့ ပဲ စီးစီး
တောင်ကနေမြောက်ကိုပဲစီးစီး
သူတို့ရဲ့ ဘာသာစကားက
ခက်ခဲလွန်းတယ်။

အကွေ့အကောက်များစွာ နဲ့
အလှတရားတို့
စီးဆင်းရာ
မြစ် . . .များ ။

တကယ်တမ်း အချစ်နဲ့ ပြောကြကြေးဆို
ကိုယ်က
ဆွံ့ အ နား မကြား
ဖြစ်နေတဲ့ ကောင်။

ဟုတ်တယ်
မြစ်ကိုမျှားဖို့ ကျွန်တော့မှာ
ငါးတွေ များများစားစားမရှိသေးဘူး။

No comments: