Apr 23, 2009

ချစ်သူအိမ်ပြန်သွားတဲ့ တနင်္ဂနွေ


နေ့လည်လွန်ရုံ ညနေ
မိုးရွာပြီးစ ကောင်းကင်အလင်းမှာ
ငါ့နှလုံးသားကမလင်းတော့ဘူး။

ပိုလွန်းတယ်လို့ပဲဆိုချင်ဆို
ရင်ဘတ်ထဲမှာ့ ငိုချလိုက်တယ်။

ချစ်သူမပါတဲ့ နှစ်ကူးဆိုတာ
(တကယ်တော့)
လွမ်းတွေနဲ့ပဲ ရူးရတာ။

မင်းပြန်လာမယ့်ရက်က
နီးနီးလေးပါ
ကောင်မလေးရယ် ။

ပြန်သင့်လို့ ပြန်ရမယ့် ခရီးကို
ငါကဘာလို့တားဆီးရမှာလဲ။

မင်းပြန်လာမယ့်ရက်ကို
ကိုယ်က
အပြုံးတွေနဲ့ပဲ

မျှော်နေမယ်။ ။

2 comments:

ညလင်းအိမ် said...

တကယ်ပြန်လာခဲ့လားဟင် ကိုမိုးဝေ ...

ကြာပြီဆိုပေမယ့် ကျွန်တော် သိချင်လို့ပါ ...

နေမိုးဝေ said...

ပြန်လာခဲ့ ပါတယ်ဗျာ