Nov 26, 2009

လွမ်းဆွတ်ခြင်း . . . . နှင်း

ဘဝကို
ပန်းနုရောင် ကွန်ယက်တွေနဲ့
သိမ်းထုပ်ထားတဲ့ မိန်းကလေးရေ
လွမ်းရတယ်ဆိုတာ
ချစ်လို့ပါ . . .။

ကိုယ်တိုင်မတတ်တဲ့ ပုစ္ဆာ တစ်ပုဒ်ရဲ့အဖြေကိုရဖို့ ဘယ်သူ့ဆီမှာ ဒူးထောက်အညံ့ခံရမလဲ။
ချစ်ချင်းတစ်ခုပြီးပြည့်စုံဖို့အတွက်စကားလုံးတွေလိုအပ်သေးလား။ငါကနင့်ကို စကားသုံးခွန်းတောင်ပြည့်အောင်
ပြောဖူးတဲ့ကောင်မှမဟုတ်တာ။ဟောဒီဘဒ္ဒကမ္ဘာမှာ အဖြစ်ချင်ဆုံးဆန္ဒ ပြောကြကြေးဆိုရင်လေ - နင့်ရဲ့လည်ကုပ်သားဝါဝါလေးပေါ်ကဆံနွယ်မျှင်ကလေးတွေကိုယူငင်ကြည့်ချင်တာပါပဲ။ အရောင်မရှိတဲ့ကမ်းခြေမှာငါလွမ်းနေရတာတွေကိုသက်သေထူဖို့အတွက်ကံ့ကော်တစ်ပွင့်စိုက်ထားတယ်။
စကားမစပ် နင်တောင်ငူဆောင်ကို သတိရသေးရဲ့လား . . နှင်း ။ အဲဒီတောင်ငူဆောင်ကြီးကတော့ ဒီအတိုင်းရှိ
နေတုန်းပါ။ ဒါပေမဲ့ ငါတို့ ရဲ့ကျောင်းတံခါးတွေကတော့ ပိတ်နှင့်သွားခဲ့ပြီ။ မှတ်မှတ်ရရ ငါမယူဖြစ်ခဲ့တဲ့ နင့်ရဲ့ လက်ကိုင်ပုဝါအပြာကလေးရော ဘယ်မှာလည်း နှင်းရယ်။
“ ငါနင့်ကို အရမ်းချစ်တယ်ဟာ”
နင့်ကိုဟုတ်တိပတ်တိပြောဖူးတာဆိုလို့ ဒီတစ်ခွန်းထဲရယ်ပါ။ အဲဒါဟာ ငါ့တစ်ဘဝလုံးရဲ့ အလေးနက်ဆုံး
ပြီးတော့အတည်ကြည်ဆုံးစကားတစ်ခွန်းပါပဲနှင်းရယ်။ ဘာပဲဖြစ်ဖြစ် နင်သိအောင်ပြောရရင် အဲဒီစကားတစ်ခွန်း ပြောဖို့ငါကအချိန်သုံးနှစ်ကျော်လေးနှစ်နီးပါးယူခဲ့ရတာ။အဲဒီလိုသတ္တိမျိုးနဲ့ပါနှင်းရယ်၊ ရယ်စရာကောင်းမှာပဲနော်။
ထားပါတော့ ၊

ဟုတ်ပါတယ် . . .
တကယ်တော့ ငါဟာ . .
. . . မထိုက်တန်သူပါ။
မိုးရိပ်တွေဆင်ပြီးမှ
မရွာမိခဲ့တဲ့ နောက်၊
လွင့်ချင်ရာလွင့် မျောချင်ရာမျော ပါစေတော့။ ။


x x x x x x x x x x

ဖြစ်နိုင်မည်ဆိုလျှင် အချိန်ရွှေ့လျားစက်တစ်ခုလိုချင်ပါသည်။ ထိုအခါကျွန်တော်က တစ်ခါတုန်းက
ဇွန်လနှောင်းပိုင်းနေ့ရက်များသို့ပြန်လည်၍သွားမည်ဖြစ်သည်။ထိုကာလများကားကျွန်တော့အတွက်အလွန်ပင်အရေးကြီးခဲ့၏။
ဆိုကြပါစို့ - -
နှလုံးသားအစောပိုင်းကာလ ခေတ်ပြောင်းတော်လှန်ရေး၏အစ
ကိုစောညိန်း ရေးသားသည့် ချစ်ပြုံးနှင်းဆီသီချင်းသည်လည်းကောင်း၊လေးဖြူသီဆိုသော
နှင်းဆီဝင်္ကဘာသီချင်းသည်လည်းကောင်းကျွန်တော်နှင့်နည်းနည်းဆီပတ်သက်၏။ ထို့ကြောင့်များများစားစားပတ်သက်ခြင်းတော့မရှိချေ။

ကျွန်တော့နှင်းဆီငုံကလေးမှာကိုစောညိန်း၏ချစ်ပြုံးနှင်းဆီဖြစ်ပါသည်။ချစ်နှင်းဆီငုံကလေးကား နှုတ်ခမ်းတော်စူလွန်းလှပါသည်။ဘုန်းမောင်တစ်ယောက်ကတော့ခူးဆွတ်ယူရာမလှမ်းသာမနမ်းသာ ခဲ့ပါချေ။ထိုနှင်းဆီငုံကလေးမှာလေးဖြူ၏နှင်းဆီဝင်္ကဘာအတွင်း၌နေပါသည်။ဆူးခက်များအကြား၌ ကျွန်တော်ကလမ်းပျောက်မြဲ ပျောက်လျှက်ရှိ၏ ။

ရယ်စရာကောင်းသော အကြောင်းအရာတစ်ချို့ကို ရယ်စရာဟု ရိုးရိုးသားသား ထင်မြင်ပြီးသော အချိန်မှာပင် ကျွန်တော်ကမနက်ဖြန်တွေဆီရောက်မှန်းမသိရောက်ခဲ့ရပြီးဖြစ်သည်။လှပသောဇာပွင့်အဖြူအနားကွပ်ပုဝါစကို လေထဲမှာမြှောက်လိုက်သည်။

ပြန်လာပါ။ ငါ့ဆီပြန်လာခဲ့ပါ သန့်နှင်းဖြူ ။
တစ်ခါတုန်းကဘဝများဆိုသည်မှာတစ်ခါတုန်းကသာဖြစ်နိုင်ပါသည်။ခရမ်းရင့်ရောင်တိမ်တိုက်များကို တနင့်တပိုး သယ်ပိုးပြီးအရိုးသားဆုံးမျှော်လင့်ကြည့်ခဲ့ဖူး၏။
ယောင်္ကျားတစ်ယောက်၏သတ္တိနှင့်ပြောင်းပြန်အချိုးကျခဲ့သောကျွန်တော့ချစ်ခြင်းများကတော့ လူမွေးလူရောင်မပြောင်ခဲ့ချေ။

x x x x x x x x x x

“ သူရိန် ဖယ်ပါဟာ အဲဒါတွေ ငါမသိဘူး ”

နင်မှတ်မိမှာပေါ့ နင်ပြောခဲ့တဲ့ စကားပဲဟာ။ ဟုတ်တယ်။ လွန်ခဲ့တဲ့ သက္ကရာဇ်တချို့တုန်းက နင်ပြောခဲ့ဖူးတဲ့ ရှားရှားပါးပါး စကားတွေထဲကတချို့ပေါ့ဟာ။ ငါသိမ်းထားပါတယ်နှင်းရယ်။မျဉ်းပြိုင်တွေက အနန္တ မှာဆုံမယ်ဆိုတာထက် ငါတို့ရဲ့ မျက်စေ့တစ်ဆုံးမှာတင် ဆုံနိုင်ပါတယ်။လက်တွေ့ တော့ဘယ်ဟုတ်မလဲ။ အနန္တဆိုတဲ့ နေရာရောက်ဖို့ မတတ်နိုင်မှတော့ ငါ အမြင်နဲ့မှန်းပြီး စိတ်ကူးမယဉ်တော့ပါဘူး။ရပါတယ် နင်မုန်းပါဟာ။ မုန်းလို့ရပါတယ်။ ဒါပေမဲ့ နင်မှာ ငါ့အတွက်ဆို အမုန်းထက်ဆိုးတဲ့ ဥပေက္ခာတွေပဲရှိသလားနှင်းရယ်။ငါကအညတရ ပါနှင်းရယ်။ ဗလာ သာသာ ကောင်ရဲ့ကောင်းကင် က ချစ်သူရဲ့ ရင်ခွင်ကို ဘယ်လိုအပြင်အဆင်တွေနဲ့ လင်းမြစေနိုင်မှာတဲ့လဲ။ အချစ်တစ်ခုထဲနဲ့ ဖန်ဆင်းထားတဲ့ကမ္ဘာ ကို နင်လာရဲပါ့မလား၊ နင့်ပြဌာန်းစာအုပ်ထဲမှာ ငါ့ရဲ့ခေါင်းစဉ် ရော ရှိနိုင်ပါ့မလား။တစ်ခေါင်းလုံးပွင့်ထွက်သွားမတတ် စဉ်းစားခဲ့ရတာပါဟာ။


နှင်း. . .
တေးရေးဆရာ၊ကဗျာဆရာ သုခမိန်လှိုင် ကို နင်သိမှာပေါ့။ သူ့ရဲ့ “နှင်းဆီပန်းများနှင့်လက်ထပ်ခြင်း” ဆိုတဲ့ ကဗျာထဲက စာသားတစ်ကြောင်း ပါ။
ချစ်တတ်တာက လွဲပြီး
ကျွန်တော့မှာ သတ္တိ
များများစားစားမရှိလှပါဘူး ” တဲ့။ ငါ့အကြောင်း ကြားသွားလားမသိ။

x x x x x x x x x x

ရန်ကုန်တက္ကသိုလ်တောင်ငူဆောင်တစ်ဝိုက်တွင်ပျော်ဝင်ကြည်နူးခဲ့ဖူးသောအချိန်ကာလများဆီတုန်းကဖြစ်ပါ၏။ တစ်ခန်းတည်းအတူစာသင်ဖော်သူမထံမှအမူအရာလက်ဆောင် တစ်ခုရခဲ့ဖူး၏။သို့သော်လည်း ထိုအမူအရာ၏အမည်မှာလှလှပပဝင့်ကျလာသောမျက်စောင်းတစ်ခုဆိုသည်ကိုမူနောင်လပေါင်းများစွာကြာပြီးမှ သိရှိခဲ့သူမှာ ကျွန်တော်ဖြစ်၏၊။အချိန်များတော့ နှောင်းခဲ့ပါပကောလေ။

ကျွန်တော်ကအကြောင်းတိုက်ဆိုင်သည့်အခါတောင်ငူဆောင်ရှေ့ဦးချစ်ဆိုင်၌လဘက်ရည်ကျဆိမ့်တစ်ခွက်ကိုဇိမ်ဆွဲသောက်လေ့ရှိသည်။ အေးချိုစိုလက်သောဇွန်၊ဇူလိုင်လမျိုးဆိုလျှင် ဗာဒံရွက် နီနီ၊ဝါဝါ တွေကြားမှ
အတင်းတိုးထွက်ကျလာသောမိုးပေါက် တစ်ပြောက်နှစ်ပြောက်က ခန္ဓကိုယ်ကို ခတ်ငြိထိစင်လာတတ်၏။
ထိုသို့သောအချိန်ကာလမျိုးတွင် ကျွန်တော်က သူမအားသေကောင်ပေါင်းလဲ လွမ်းတော့သည်။တစ်ခါတစ်ရံ၌ သူမအားလွမ်းဆွတ်ရခြင်းသည် ရနံ့ မရှိသည့်ပန်းအား နန်းရှိုက်ရခြင်းနှင့်ပင် တူနေသေး၏။

ကောင်းကင်ပေါ်တွင်ချစ်သူ၏အဆင်းဖြင့်လင်းသောကြယ်တို့ဖြင့် စိုက်ထူထားသော အလံတော်ပေါ်၌
သူမ၏ အမည်ကို ရေးသွင်းထား၏ . . .

ဖြစ်နိုင်မည်ဆိုလျှင် သူမ၏ ဆံနွယ်မျှင်များကို ယူငင် ကြည့်ချင်သည်။
ဖြစ်နိုင်မည်ဆိုလျှင် သူမ၏ လည်ကုပ်သားဝါဝါလေးကို ခပ်ကြာကြာလေးငေးချင်သည်၏
ဖြစ်နိုင်မည်ဆိုလျှင် သူမ၏ ဘယ်ဘက်လက်မှ မှဲ့ နက်နက်ကလေး ဖြစ်ချင်သည်။
ငါလေ. . . . နင့်ကို အသည်း ပေါက်မတတ်ချစ်လို့ပါ သောက်ကောင်မလေးရယ်။

x x x x x x x x x x

ဟိုတစ်ချိန်တုန်းက လင်းမလို မှောင်မလိုနဲ့ ဇွန်လအနှောင်းပိုင်းရဲ့ အရောင်တွေက ငါ့တစ်ကိုယ်လုံးကို နှောင်ထုံးထားတယ်။ဘာပဲဖြစ်ဖြစ်နှင်းရယ် ဟောဒီကောင် ကနင့်ကို သေကောင်ပေါင်းလဲ ချစ်ခဲ့ရပါတယ်။
ပြီးတော့ သေကောင်ပေါင်းလဲ လွမ်းခဲ့ရပါတယ်။

နင်သိလား မိနှင်း . . .

အလွမ်းဆိုတာပွင့်လန်းခွင့်မရတဲ့ပန်းတွေကိုကိုယ်စားပြုတဲ့နတ်ဘုရားတစ်ပါးပါ။

အလွမ်းဆိုတာတေးဆိုခွင့်မရှိတဲ့ငှက်ကလေးရဲ့ ရှိုက်ငင်သံလည်းဟုတ်တယ်။

အလွမ်းဆိုတာမျက်ရည်တွေနဲ့ထုဆစ်ထားတဲ့အရမ်းလည်းအေးမြတဲ့မီးတောက်တစ်ခုလည်းဖြစ်တယ်။

တကယ်တော့ အလွမ်းဆိုတာ နင်နဲ့ပတ်သတ်ပြီး ငါပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အမှတ်တရပါပဲ ဟာ။

ငါနင့်ကိုသိပ်လွမ်းတာပဲနှင်းရယ်။ နင်ကတော့ ဘယ်ကြားနိုင်ပါတော့မလဲ . . . . .။

Nov 9, 2009

ကြေနီရောင်သန်းလုလု လက်မောင်းသားတစ်ခုသည် အချစ်

ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး

ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။

တဒင်္ဂ ။ ။ ဖြတ်ခနဲ ။ ။ စက္ကန့်ပိုင်းမို့ ကျန်တာဘာမှမသိ။ လက်မောင်းသားကလေး။

ကား,က လူတင်လူချအရမ်းမြန်လွန်းတောကြောင့် လက်မောင်းသားကလေး ကားအောက်ကို အရောက်

ကိုယ့်လက်က ကားရဲ့ နောက်မြီးတန်းကိုကိုင် ခြေထောက်တစ်ဘက်က ခြေနင်းခုံကိုအနင်းမှာပဲ ကားကတော်တော်ဝေးဝေးကိုရောက်သွားပြီ။

ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး

ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။

အမှန်ဆို ကားပေါ်ကို ကိုယ့်ရဲ့ လက်နဲ့ ခြေထောက်ပဲပါသွားရမှာ။ အသိစိတ်ဝင်လာလာခြင်းမှာပဲ

ကားပေါ်က ချက်ခြင်းခုန်ချလိုက်တယ်။ မြေကြီးပေါ်မှာ တစ်လှိမ့်၊နှစ်လှိမ့်၊ သုံး . . . လေး . . .

တောက် . ။ အရေးထဲ အခုမှ လက်တစ်ဘက်နဲ့ ခြေထောက်တစ်ဘက် လာပြုတ်ထွက်

သွားရတယ်လို့၊ ပြန်တပ်ရတာနဲ့တင် အချိန်ကလင့်သွားပြီ။

မှတ်တိုင်နားကိုပြန်ရောက်တော့ လက်မောင်းသားလေးက အရိပ်အယောင်တောင်ကျမကျန်ခဲ့တော့ဘူး။

ဘာပဲဖြစ်ဖြစ် ခပ်လှမ်းလှမ်း မှာ အုတ်ခုံတစ်ခုံလည်းရှိတယ်။ ကိုယ်မှာလည်း ထိုင်စရာဖင်ကပါလာတယ်။ခုနက

သောက်ကောင်မလေးဝင်သွားတဲ့လမ်းကလေးရဲ့ ထိပ်လည်းဖြစ်နိုင်တာမို့ အဲဒီမှာပဲ ထိုင်နေလိုက်တယ်။

သုံးရက် ၊သုံးရက်လောက်ကြာသွားတာဖြစ်ဖို့များတယ်၊စောင့်နေရတာ။မုတ်ဆိတ်မွှေးတွေနည်းနည်းပြန်

ထွက်လာတာမို့ ရိတ်ပစ်လိုက်ရသေးတယ်။ဟို သောက်ကောင်လေးကိုအင်္ကျီလက်ပြတ်နောက်တစ်ထည်နဲ့ ပြန် တွေ့လိုက်ရတယ်။

ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး

ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။

ဟာ . . သူထွက်လာတဲ့လမ်းက မနေ့ ကအထိ မရှိပါဘူး။ ဘယ်တုန်းကပေါ်လာတာပါလိမ့်။မဟုတ်သေး

ပါဘူး။ ကိုယ်က လည်းအရေးမကြီးတာတွေလျှောက်စဉ်းစားနေမိတယ်။အရေးကြီးတာ သူထွက်လာတဲ့လမ်းက ကားမှတ်တိုင်နဲ့ နီးအားကြီးလွန်းတယ်။နောက်ထပ်အရေးကြီးတာက သူခြေလှမ်းတွေက ထွက်လုလု မှန်လုံကား

ကြီးဆီမှာ။ အရေးအကြီးဆုံးကတော့ ကိုယ်ထလို့ မရတော့တာ။ သူက ကားပေါ်တက်တော့မယ်။

သုံးရက်လောက်ထိုင်ခဲ့မိလို့ ခြေထောက်ထဲက အမြစ်တွေက မြေကြီးထဲစိုက်ဝင်နေကြပြီ။ ကံကောင်း

လွန်းအားကြီးတာက အနားမှာ မြက်ရိတ်သမားတစ်ယောက်ရှိနေတာပါပဲ။

အမြစ်တွယ်နေတာတွေကို ရှင်းပြီးပြီးခြင်း ရှိသမျှ အားတွေစုပြီးတော့ ပြေးရတယ်။ ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . .

နောက်မှတ်တိုင်တစ်ခုမရောက်ခင်မှာပဲကားနောက်ကို လိုက်မီသွားတယ်။ပိတ်ထားတဲ့တံခါးတွေကို

ခိုကပ်ဆွဲဖွင့် ပြီး မနည်းတက်တာတောင် နှစ်ခါလောက်ပြုတ်ကျသွားသေးတယ်။ဒါပေမဲ့ ကိုယ်ကားပေါ်ရောက်

သွားတယ်။

ဟိုသောက်ကောင်မလေးက ဘယ်ရောက်သွားမှန်းမသိဘူး။ ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . .။

ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး

ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။

အင်မတန်ကြပ်ညှပ်နေတဲ့ လူတွေကြားထဲကနေ အတင်းတိုးဝင်ပြီး လက်မောင်းသားလေးနားရောက်

အောင် ဝင်လာခဲ့တယ်။

လက်မောင်းသားလေးနားကိုရောက်တော့ လက်မောင်းသားလေးကလက်မောင်းသားလေးရဲ့ အိတ်ထဲကနေလက်မောင်းသားလေးရဲ့ပိုက်ဆံကိုထုတ်ပြီးလက်မောင်းသားလေးရဲ့ လက်နဲ့ယဉ်စီးခ လှမ်းပေး

လိုက်တဲ့ အချိန်မှာ ကားရဲ့ဘေးတန်းလို့ခေါ်တဲ့ စတီးပိုက်ကို ကိုယ်က လှမ်းကိုင်လိုက်တာနဲ့ တိုးပြီး

လက်မောင်းသားလေးရဲ့ ကြေးနီရောင်လက်မောင်းသားလေးနဲ့ ကိုယ်ရဲ့ လက်မောင်း

လက်မောင်းလက်မောင်းချင်း ထိကပ်သွားခဲ့ရတယ်။

ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး

ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။

အား. . . . . . ၊ ရေ . . ရေ . . ရေပေးပါ။

အာခေါင်တွေခြောက်လာတယ်၊ စကြာဝဠာဆိုတာ ခေါင်းပေါ်မှာအရှိန်အပြင်းဆုံးလည်နေတဲ့ရဟတ်အကြီးကြီးများ

လား။ ရေ. . အရမ်းငတ်တယ်။ မောလို့သေတော့မယ်။

နူးညံ့ခြင်းဆိုတာနှုတ်နဲ့ ပြောလို့မရတဲ့ ဘာသာစကားအပြင်ဘက်ကအရာ၊ လက်မောင်းထဲမှာသွေးတွေ

က ရေတံခွန်အကြီးကြီးကြီးလို စီးဆင်းနေကြ။ ဒီကနေ့ ကမ္ဘာလောကကြီးဆီကနေကျေနပ်ဖွယ်ရာ စိတ်ပျော်ရွှင်

ခြင်းတွေလက်ဆောင်ရခဲ့တယ်။

ဟိုး အ မြင့် ကြီး က နေ တ ဖြည်း ဖြည်း ဖြည်း ဖြည်း ဖြည်း နိမ့် နိမ့် နိမ့် နိမ့် ဆင်း လာ ခဲ့ တယ်။

ဆူဝေသွားတဲ့ ကိုယ့်စိတ်တွေက ရုတ်တရက်မို့ အာရုံထဲမှာ တစ်လောကလုံးကိုမမြင်ရပဲ ကြေနီရောင်သန်းလုလု လက်မောင်းသားတစ်ခု ဆီမှာ . . .။

သူငယ်ချင်း ဖိုးသင်္ကြန် ရဲ့ အတွေးကို နည်းနည်းလေးချဲ့ ပြီးစကားပြေပြန်ထားတာပါ။

ပြောပြသင့်တယ်ထင်လို့ . . .ပြောတာပါ ဝန်ခံချက်ဆိုတာကြီးမျိုးမဟုတ်ပါဘူး။

.

နေမိုးဝေ

ချစ်သူသို့ 2

အတိမ်အနက် ကို
ကြိုမှတ်လို့ မရတဲ့
သံ ယော ဇဉ် နဲ့ တင်
အရာအားလုံး
ပြီးပြည့်စုံခဲ့တာ။

ချစ်သူရယ်
အနားမှာမင်းပြုံးနေသမျှ
ငါ့လက်က
တစ်ကမ္ဘာလုံးကို
အပိုင်စားရလိုက်တယ် ။

ချစ်သူသို့ 1

နှလုံးသားကို အသိမပေးပဲ
ဒီအတိုင်းဖွင့်ကြည့် လို့ကတော့
ဘာမှ မြင်လိမ့်မယ် မထင်နဲ့။

အလင်း စိုစို နဲ့ ရေးထားလို့
ဖတ်ရတာ
ချိုလိမ့်မယ်။

မနက်ဖြန်ဆိုတာ
ဘာမှ မြင်ရတာမှ မဟုတ်ပဲနဲ့ တောင်
ယုံကြည်ထားမိတာ . . .

မင်းလက်ကလေး ကို
တွဲခွင့် ရရုံ ကလေးနဲ့ တင်။