ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး
ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။
တဒင်္ဂ ။ ။ ဖြတ်ခနဲ ။ ။ စက္ကန့်ပိုင်းမို့ ကျန်တာဘာမှမသိ။ လက်မောင်းသားကလေး။
ကား,က လူတင်လူချအရမ်းမြန်လွန်းတောကြောင့် လက်မောင်းသားကလေး ကားအောက်ကို အရောက်
ကိုယ့်လက်က ကားရဲ့ နောက်မြီးတန်းကိုကိုင် ခြေထောက်တစ်ဘက်က ခြေနင်းခုံကိုအနင်းမှာပဲ ကားကတော်တော်ဝေးဝေးကိုရောက်သွားပြီ။
ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး
ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။
အမှန်ဆို ကားပေါ်ကို ကိုယ့်ရဲ့ လက်နဲ့ ခြေထောက်ပဲပါသွားရမှာ။ အသိစိတ်ဝင်လာလာခြင်းမှာပဲ
ကားပေါ်က ချက်ခြင်းခုန်ချလိုက်တယ်။ မြေကြီးပေါ်မှာ တစ်လှိမ့်၊နှစ်လှိမ့်၊ သုံး . . . လေး . . .
တောက် . ။ အရေးထဲ အခုမှ လက်တစ်ဘက်နဲ့ ခြေထောက်တစ်ဘက် လာပြုတ်ထွက်
သွားရတယ်လို့၊ ပြန်တပ်ရတာနဲ့တင် အချိန်ကလင့်သွားပြီ။
မှတ်တိုင်နားကိုပြန်ရောက်တော့ လက်မောင်းသားလေးက အရိပ်အယောင်တောင်ကျမကျန်ခဲ့တော့ဘူး။
ဘာပဲဖြစ်ဖြစ် ခပ်လှမ်းလှမ်း မှာ အုတ်ခုံတစ်ခုံလည်းရှိတယ်။ ကိုယ်မှာလည်း ထိုင်စရာဖင်ကပါလာတယ်။ခုနက
သောက်ကောင်မလေးဝင်သွားတဲ့လမ်းကလေးရဲ့ ထိပ်လည်းဖြစ်နိုင်တာမို့ အဲဒီမှာပဲ ထိုင်နေလိုက်တယ်။
သုံးရက် ၊သုံးရက်လောက်ကြာသွားတာဖြစ်ဖို့များတယ်၊စောင့်နေရတာ။မုတ်ဆိတ်မွှေးတွေနည်းနည်းပြန်
ထွက်လာတာမို့ ရိတ်ပစ်လိုက်ရသေးတယ်။ဟို သောက်ကောင်လေးကိုအင်္ကျီလက်ပြတ်နောက်တစ်ထည်နဲ့ ပြန် တွေ့လိုက်ရတယ်။
ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး
ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။
ဟာ . . သူထွက်လာတဲ့လမ်းက မနေ့ ကအထိ မရှိပါဘူး။ ဘယ်တုန်းကပေါ်လာတာပါလိမ့်။မဟုတ်သေး
ပါဘူး။ ကိုယ်က လည်းအရေးမကြီးတာတွေလျှောက်စဉ်းစားနေမိတယ်။အရေးကြီးတာ သူထွက်လာတဲ့လမ်းက ကားမှတ်တိုင်နဲ့ နီးအားကြီးလွန်းတယ်။နောက်ထပ်အရေးကြီးတာက သူခြေလှမ်းတွေက ထွက်လုလု မှန်လုံကား
ကြီးဆီမှာ။ အရေးအကြီးဆုံးကတော့ ကိုယ်ထလို့ မရတော့တာ။ သူက ကားပေါ်တက်တော့မယ်။
သုံးရက်လောက်ထိုင်ခဲ့မိလို့ ခြေထောက်ထဲက အမြစ်တွေက မြေကြီးထဲစိုက်ဝင်နေကြပြီ။ ကံကောင်း
လွန်းအားကြီးတာက အနားမှာ မြက်ရိတ်သမားတစ်ယောက်ရှိနေတာပါပဲ။
အမြစ်တွယ်နေတာတွေကို ရှင်းပြီးပြီးခြင်း ရှိသမျှ အားတွေစုပြီးတော့ ပြေးရတယ်။ ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . . ပြေး . . .
နောက်မှတ်တိုင်တစ်ခုမရောက်ခင်မှာပဲကားနောက်ကို လိုက်မီသွားတယ်။ပိတ်ထားတဲ့တံခါးတွေကို
ခိုကပ်ဆွဲဖွင့် ပြီး မနည်းတက်တာတောင် နှစ်ခါလောက်ပြုတ်ကျသွားသေးတယ်။ဒါပေမဲ့ ကိုယ်ကားပေါ်ရောက်
သွားတယ်။
ဟိုသောက်ကောင်မလေးက ဘယ်ရောက်သွားမှန်းမသိဘူး။ ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . . ရှာ . .။
ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး
ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။
အင်မတန်ကြပ်ညှပ်နေတဲ့ လူတွေကြားထဲကနေ အတင်းတိုးဝင်ပြီး လက်မောင်းသားလေးနားရောက်
အောင် ဝင်လာခဲ့တယ်။
လက်မောင်းသားလေးနားကိုရောက်တော့ လက်မောင်းသားလေးကလက်မောင်းသားလေးရဲ့ အိတ်ထဲကနေလက်မောင်းသားလေးရဲ့ပိုက်ဆံကိုထုတ်ပြီးလက်မောင်းသားလေးရဲ့ လက်နဲ့ယဉ်စီးခ လှမ်းပေး
လိုက်တဲ့ အချိန်မှာ ကားရဲ့ဘေးတန်းလို့ခေါ်တဲ့ စတီးပိုက်ကို ကိုယ်က လှမ်းကိုင်လိုက်တာနဲ့ တိုးပြီး
လက်မောင်းသားလေးရဲ့ ကြေးနီရောင်လက်မောင်းသားလေးနဲ့ ကိုယ်ရဲ့ လက်မောင်း
လက်မောင်းလက်မောင်းချင်း ထိကပ်သွားခဲ့ရတယ်။
ရုတ်တရက်မို့ ဆူဝေသွားတဲ့ ကိုယ့်စိတ်ကို တောင်ကိုယ်ပြန်မသိလိုက်ဘူး။တစ်လောကလုံးနဲ့ယှဉ်ပြီး
ကိုယ့်အာရုံထဲမှာ ကြေနီရောင်သန်းလုလုလက်မောင်းသားတစ်ခုပဲမြင်ရတယ်။
အား. . . . . . ၊ ရေ . . ရေ . . ရေပေးပါ။
အာခေါင်တွေခြောက်လာတယ်၊ စကြာဝဠာဆိုတာ ခေါင်းပေါ်မှာအရှိန်အပြင်းဆုံးလည်နေတဲ့ရဟတ်အကြီးကြီးများ
လား။ ရေ. . အရမ်းငတ်တယ်။ မောလို့သေတော့မယ်။
နူးညံ့ခြင်းဆိုတာနှုတ်နဲ့ ပြောလို့မရတဲ့ ဘာသာစကားအပြင်ဘက်ကအရာ၊ လက်မောင်းထဲမှာသွေးတွေ
က ရေတံခွန်အကြီးကြီးကြီးလို စီးဆင်းနေကြ။ ဒီကနေ့ ကမ္ဘာလောကကြီးဆီကနေကျေနပ်ဖွယ်ရာ စိတ်ပျော်ရွှင်
ခြင်းတွေလက်ဆောင်ရခဲ့တယ်။
ဟိုး အ မြင့် ကြီး က နေ တ ဖြည်း ဖြည်း ဖြည်း ဖြည်း ဖြည်း နိမ့် နိမ့် နိမ့် နိမ့် ဆင်း လာ ခဲ့ တယ်။
ဆူဝေသွားတဲ့ ကိုယ့်စိတ်တွေက ရုတ်တရက်မို့ အာရုံထဲမှာ တစ်လောကလုံးကိုမမြင်ရပဲ ကြေနီရောင်သန်းလုလု လက်မောင်းသားတစ်ခု ဆီမှာ . . .။
သူငယ်ချင်း ဖိုးသင်္ကြန် ရဲ့ အတွေးကို နည်းနည်းလေးချဲ့ ပြီးစကားပြေပြန်ထားတာပါ။
ပြောပြသင့်တယ်ထင်လို့ . . .ပြောတာပါ ဝန်ခံချက်ဆိုတာကြီးမျိုးမဟုတ်ပါဘူး။
.
နေမိုးဝေ
1 comment:
kaung ma, mi moe wai...!
Post a Comment