Nov 9, 2009

ချစ်သူသို့ 1

နှလုံးသားကို အသိမပေးပဲ
ဒီအတိုင်းဖွင့်ကြည့် လို့ကတော့
ဘာမှ မြင်လိမ့်မယ် မထင်နဲ့။

အလင်း စိုစို နဲ့ ရေးထားလို့
ဖတ်ရတာ
ချိုလိမ့်မယ်။

မနက်ဖြန်ဆိုတာ
ဘာမှ မြင်ရတာမှ မဟုတ်ပဲနဲ့ တောင်
ယုံကြည်ထားမိတာ . . .

မင်းလက်ကလေး ကို
တွဲခွင့် ရရုံ ကလေးနဲ့ တင်။

1 comment:

ညလင်းအိမ် said...

ဟုတ်ကဲ့ အဲဒါ နူးညံ့သိမ်မွေ့မှုပဲ .. :)