Feb 6, 2010

ကျွန်တော် နှင့် တန်ရာတန်ကြေးများ

စကားလုံးတွေ
များသလောက်
ကြောက်ဖို့ကောင်းတယ် ။

ပြောနိုင်သလောက် ပြောပြီး
တောင်းနိုင် သလောက် တောင်းကြ
တန်ဖိုးတွေမှာ
တန်ဖိုး ပျောက်ကုန်ကြပြီ ။

မတတ်သာလို့ သာ
ထားခဲ့လိုက်ရတယ် - - -

ပုထုဇနော ဥမ္မတကော ဆိုလည်း
ကော . . ကော နိုင်ကြ လွန်းတော့
လွန် . . လွန် လွန်း တယ် ။

လေ နဲ့  ထိုးခဲ့ပြီးမှ
လေအလျော်ခံရတာကို
ပြန်အော်ချင်ကြရင်
ခင်ဗျားတို့ နဲ့ 
ကျွန်တော် မခေါ်တော့ ဘူး ။ ။

3 comments:

ဇော် said...

အားးးး ... ဂွတ်လှချည်လားဗျာ .. ကဗျာက တမူထူးခြားလွန်းနေတယ် .. ကောင်းချက်ကယ် .. တစ်ပုဒ်ဆို.. ဆိုသလောက်ပါပဲဗျာ .. တော်ပါပေတယ် .. =]

littlebrook said...

အောက်ဆုံးက ခင်ဗျားတို့နဲ ကျွန်တော် မခေါ်တော့ဘူး .. အဲ့ မခေါ်တော့ဘူးဆိုတာလေးက တမျိုးဗျ ..
လှလည်းလှတယ် .. အားကျတော့ပျော့သွားသလို ..
ကဗျာလေးက ကောင်းသည် .. အကြိုက်ဆုံးကတော့ နောက်ဆုံးပိုဒ်ပေါ့ဗျာ ..

ညလင်းအိမ် said...

မိုက်တယ်ဗျာ ... ကဗျာက ..