Feb 12, 2010

မိသားစုအရေး

သားတို့ကို
အန္တရာယ်ဆိုးက လွတ်မြောက်စေခဲ့တာ
ဖေဖေပါ။

အရင်းအနှီးက ကြီးလိုက်ပုံများ
မိသားစုရဲ့ ပျော်ရွှင်မှုကို
ဖေဖေမခံစားလိုက်ရဘူး။
မိသားစုရဲ့ ဆင်းရဲမှုကိုလည်း
မမြင်တွေ့လိုက်ရဘူး။

ဖေဖေရေ
အခုဆို ပိုးလည်းကုန်ပြီ
မောင် ပုံလဲ စောင်းမတတ်
နောက်ပြီးတော့
တီးချင်သလိုတီးနေတဲ့ စောင်းသံကို
တချို့ကျွဲတွေတောင်
နားမငြီးတော့ဘူးတဲ့ ။။

2 comments:

littlebrook said...

ပိုးလည်းကုန်ပြီ မောင်ပုံလည်း စောင်းမတတ်ဘူး
လူတွေလည်း ထုံတုံတုံဖြစ်ကုန်ပါပြီဗျာ ...

ညလင်းအိမ် said...

ဟုတ်တယ်ဗျ ... ထုံတုံတုံကို ဖြစ်နေတာ..