Nov 25, 2010

ချစ်သူသို့ (၃)

နတ်ဆိုး တစ်ပါးပါးဟာ
ကံကြမ္မာ ကို မာယာများစေခဲ့သလား။

မီးတောက်ကလူကို
ခလုတ်တိုက်လည်း
ပူခနဲ တော့ဖြစ်လိမ့်မယ်။

အရပ်တပါးကို
ထွက်ပြေးလို့မရသေးသ၍
နတ်ဆိုးတွေ နဲ့ ကံကြမ္မာ ကို
တို့တွေ လှလှပပ မျက်လှည့်ပြကြမယ်။

ဘာပဲဖြစ်ဖြစ်
မလွမ်းကြေး . . .။

မင်းကလည်း
တေးချိုချို တွေဆိုလို့
ကိုယ်ကလည်း
တေးချိုချို တွေဆိုလို့။

အဲဒီလိုမှ
နောင် ဆယ်စုနှစ်တွေကြာတဲ့အခါ
တို့နှစ်ယောက် လက်တွေမြဲမြဲတွဲပြီး
ကံကြမ္မာကို ဟားတိုက်ခွင့် ရလိမ့်မယ်။

2 comments:

ငွေလမင်း said...

ကံကြမ္မာကို အမြန်ဆုံး ဟားတိုက်နိုင်ပါစေ

အုပ်ကြီး said...

ဘာပဲဖြစ်ဖြစ်မလွမ်းကြေးနော် ..
သူက စ ပြောတာနော် :D