Dec 14, 2010

ခရမ်းချဉ်သီး အချစ်ကဗျာ

အတ္တကို၊ အတ္တနဲ့
အလဲအထပ်လုပ်တာဆို၊ မနေဘူး၊
ဝိုင်းထဲကနေ၊ ငါ၊
ထွက်မယ်။

၁၂ရာသီ၊ နာရီ၊ ရှင်သန်ခြင်းပုစ္ဆာ။
သီဆိုရန်ခက်ခဲသောတေးသွား၊
အသွားထက်မြသော၊ ဓါး။ အပြုံးမျက်နှာ၊
တကယ်ဆို၊ ဒါဟာ
သူ့အတ္တတစ်ဝက်၊ ကိုယ့်တစ်ဝက်
ပေါင်းဆုံရာ၊ ကမ္ဘာ။

ဝေဒနာ၊ ရောဂါ၊ မာယာ၊ ဆေး၊ သမားတော်။
အကြောင်းကြောင့်ဖြစ်တဲ့၊ ကျိုးလား၊
အကျိုးကြောင့်ဖြစ်တဲ့၊ အကြောင်းလား ဆိုတာ
မ သေ ချာ ဘူး။

မင်းမြင်လား၊ မြင်ရလား၊ မြင်ပါ့မလား
ငါ၊ လုပ်မပြတတ်ဘူး၊ မင်းမြင်အောင်၊ ဘယ်လိုလုပ်ရမလဲ
မင်း၊ မြင်ရဖို့တစ်ခုထဲပဲ၊ ငါစဉ်းစားတယ်။
သေချာတယ်။

နူးညံ့ခြင်း၊ ဘာသာစကား၊ အရှိန်လွန်နှလုံးသားကြိမ်နှုန်း၊
ဝါကျအင်္ဂါများနှင့်မပြည့်စုံသော
စကားလုံးများ၊ အဆီအငေါ်မတည့်။

ခရမ်းချဉ်သီး၊ မင်း။ သူမ၊ ခရမ်းချဉ်သီး
ချစ်ခြင်းမေတ္တာ၊ ကမ္ဘာခုနစ်ထပ်
ကျက်သရေရှိသော၊ အများပြည်သူသုံး
ကမ္ဘာ့ကွန်ယက် နှင့်လျှပ်ပို့စာဌာန။
ကျွန် တော့ ခ ရမ်း ချဉ် သီး။
သံ ယော ဇဉ်။

အဲဒီလိုနဲ့ပဲ ချစ်ခြင်းဖြစ်တည်ရာ
အကြိမ်ထောင့်ငါးရာ့တစ်ဆယ်
သူမ၊ ပြော နေ ကျ စ ကား၊ တစ်ခွန်း
“ ဟုတ် ”
ဒီ- - -တစ်- - -လုံး- - -ထဲ- - -ပဲ။

1 comment:

အုပ်ကြီး said...

ဘလော့၊ကွန်နက်ရှင်၊ကဗျာ၊ကွန်မန့် ...
ခရမ်းချဉ်သီးတွေ ချို ၊ချဉ်အလှည့်အပြောင်းမှာ
အချစ်ဈေးအတက်အကျတွေရှိကြောင်းပါ ...