Apr 12, 2011

နွံ

ဘယ်ကစသွားရမှန်းမသိအောင်
မှားခဲ့တာပါ။

ဆေးဆိုတော့လည်း ခါးလွန်းတယ်။

ကျွန်တော် မပျော်ပါဘူး
မေမေရယ်။
မော်ကြည့်လို့မှ မရတဲ့ ဘဝကို။

ဖြစ်နိုင်မယ်ဆိုရင်
နှပ်တရွှဲရွှဲ နဲ့
စာသင်ခန်းထဲက ထွက်ပြေးတဲ့
သူငယ်တန်းကလေး ဖြစ်ချင်တယ်။

ဖြစ်နိုင်မယ်ဆိုရင်
မေမေ့ လက်ကိုဆွဲလို့
(ကျောင်းရှေ့ဈေးတန်းက)
စက္ကူရုပ် ကလေး ပူဆာမယ်။

အခုများတော့ မေမေရယ် . .
ကိုယ်မပျော်တဲ့ တောဆိုတော့
မောလိုက်တာ ။

သားမှာ
မျက်ရည်တွေဘာတွေကျလို့။

1 comment:

Anonymous said...

ထပ်တူထပ်မျှ ခံစားမိပါတယ်။