ရွေးချယ်စရာ
စကားလုံး မဲ့
ရိုးရိုးလေး တွေးကြည့်ရုံနဲ့
တင်
မောပြီ။
ခေါင်းပေါ်မှာ . . အမှောင်
ကာစရာ အမိုး မှ မရှိ။
ကိုယ့်ဝန်ကိုယ်ထမ်းခဲ့
တစ်ကိုယ်စာ လုံရုံ။
လူမိုက် ရဲ့ လာရာကမ်းဟာ
ရေလယ်ခေါင် လမ်းတစ်ဝက်မို့
ခက်တယ်ပြောဖို့ ခက်ပါတယ်။
ကိုယ်ဟာ နားလည်ဖို့သက်သက်
ခရီးမဆက်ချင်ဘူး။
ခံစားရုံသာ ခံစားပေးကြပါ။
ဒီလိုနဲ့ပဲ
ပြတင်းတံခါးတွေ ကို
ပိတ်ထားခဲ့လိုက်။
စကားတွေ
ဆွံ့အထားလိုက်။
လူမိုက်တို့ရဲ့ သွားရာလမ်း
လို့သာ
လက်ခုပ်လက်ဝါး တီးထားလိုက်။
အမှောင်ကိုမိုးဖို့
ကိုယ့်ထီးကလေး ကိုင်းကျိုးသွားခဲ့တယ်။
နောက်ထပ် မိုးမချုပ်ခင်
ကိုယ့်ကိုယ်ကို . .
လုံအောင် မိုးရပါဦးမယ်။
14.12.2014
No comments:
Post a Comment