Apr 16, 2015

ကြည့်မှန် (၃)



ဝုန်းကနဲ
တံခါးကို ဆွဲဖွင့်လိုက်တယ်
အထဲမှာ ဘာရှိမှန်းသိသိနဲ့။

ကိုယ့်လက်နဲ့ကိုယ်ပဲ
သော့ခတ်ခဲ့မိတာ ...
ဘယ်လိုမှပြန် `ဘွာ´ လို့မဖြစ်နိုင်။

ရောက်ရာပေါက်ရာကို
လျှောက်ချင်ခဲ့မိ။

အိမ်ပြန်လမ်းကို
တမ်းတရုံ။

ယောင်ခြောက်ခြား
လန့်ဖျားရုံ။

သွေရူးသွေးတမ်း
မှန်းဆရုံ။

တံခါးအားလုံးကို
သော့ခတ်ထားခဲ့ပါတယ်။

အချိန်စေ့တဲ့အခါ
အချိန်စေ့တဲ့အခါ

အစ က ပြန်စရဦးမယ်။

8.12.2013

No comments: