Sep 23, 2015

အဝေးကြီးက လာရတယ် (၃)


 တဂျုံးဂျုံးမြည်သံ အကြားမှာ
ကိုယ်ဟာ ခရီးလွန်နေတဲ့ဘူတာ။

ဘာကြောင့်များ အပြန်လမ်းခရီးဟာ
အသွားခရီးထက် ပိုနီးရသလဲ။

သံလမ်းတလျှောက်
လရောင်နဲ့ မောင်းနှင်တယ်။

(တဒိတ်ဒိတ်တက်လာတဲ့)
သွေးခုန်နှုန်းနဲ့ မောင်းနှင်တယ်။

(သိပ်မသုံးရသေးတဲ့)
ဉာဏ်ပညာနဲ့မောင်းနှင်တယ်။

ကိုယ့်မှာ ...
အဝေးကြီးက လာရတယ်။

နေမိုးဝေ
၂၉၊၈၊၂၀၁၅

No comments: