Oct 14, 2015

ချစ်သူသို့ (၁၆)





မေတ္တာတရားအကြောင်းပြောပြတဲ့
နှုတ်ခမ်းပါးပါးလေးတွေက
ကောင်းကင်တခုလုံး အုပ်မိုးထားတဲ့အခါ
တသံသရာလုံးစာ
အကြည်လင်ဆုံး တေးသံသာတွေ။

ချစ်သူရေ
သက္ကရာဇ်တွေဟာ
အသစ် အသစ်သော
ရင့်ကျက်ခြင်းတွေနဲ့ ရောက်လာတတ်ကြတာပဲ။

ပျော်ရွှင်ခြင်း၊ သာယာခြင်း
ကြည်နူးခြင်း၊ ငြိမ်းချမ်းခြင်းတွေ။
လင်းလို့ ဝေလို့ အေးမြစေ။

လက်တဖျစ်စာ
ဘဝသေးသေးလေးမှာ
ချစ်ခြင်းမေတ္တာဟာ
အပြုံးသက်သက်နဲ့မို့
လှမြဲလှနေတာ။

nmw
14.10.2015

No comments: