Oct 14, 2016

ချစ်သူသို့ (၁၈)




ဝါဂွမ်းစလေးတွေရဲ့ နူးညံ့မှုမျိုးနဲ့
ကောင်းကင်တခွင်မှာ
ပျံသန်းရင်း

သစ္စာပန်းခက်လေးတွေလို
လှလှပပ ဖူးပွင့်ကြမြဲပဲ မဟုတ်လား

ချစ်သူရေ
မြစ်ပြင်ကျယ်ကြီးထဲ
ဖြတ်သန်းစီးဆင်းသွားတဲ့ ရေတွေလို
နှစ်ကလတွေဟာလည်း ပြောင်းလဲသွားကြတာပါပဲ

ပျော်ရွှင်ခြင်းတွေ ဖူးပွင့်ပါစေ
အပြုံးပန်းတွေ ပွင့်လန်းပါစေ

ချစ်သူရေ . . .။

14.10.2016
n a y m o e w a i

No comments: