Aug 15, 2007

လောင်းကစားပွဲ

ဘ၀မှာ
ဒိုင်ကလျော်ချိန်တွေ များခဲ့တာတောင်
ဘေးထိုးနဲ့ ပဲကျေနပ်နေရတဲ့ကောင်
လေလွင့်ခဲ့ရတာ
မိုင်တိုင် ဘယ်နှစ်ခု ရှိခဲ့ပြီလည်း ။

ဥဩတွေ
အကြိမ်ကြိမ် တွန်ခဲ့ပြီးတာတောင်
ဘာမှမရသေးဘူး ။

အခါခါ ရင်းရတဲ့ ရင်ဘတ်ကိုပဲ
အားနာမိတယ် ။

ဘာမှ နားမလည်ဘဲ ကစားရတော့
သား . . .
မောပြီ ဖေဖေရယ်

1 comment:

ညလင်းအိမ် said...

ဘ၀မှာ
ဒိုင်ကလျော်ချိန်တွေ များခဲ့တာတောင်
ဘေးထိုးနဲ့ ပဲကျေနပ်နေရတဲ့ကောင်


အဲဒီ အသုံးအနှုံးလေး ကြိုက်မိပါဧ။် ...