Sep 22, 2007

ဒဏ်ရာ

လင်းမလို ၀င်းမလိုနဲ့

အဲဒီအမှောင်တွေက

အကင်းမသေသေးဘူး ။


ဆိုကြပါတော့

ကိုယ်က အလွမ်းတွေခူးတဲ့

ရူးနှမ်းနှမ်း အကောင်။


……………သိထားပါတယ်

ကိုယ့်မှာရှိတာတွေနဲ့

မလုံလောက်နိုင်ဘူးဆိုတာ။


ရှိပါစေတော့ . . . .

. . . . . လို့လည်း

ပြော ချင် ပြန် ဘူး


No comments: