တစ်ရံရောအခါက
မုဆိုးနှစ်ယောက်
သူတို့အမဲလိုက်ခဲ့ပုံတွေ
ပြန်ပြောကြတယ်။
ကြံ့လိုက်တဲ့အကြောင်း …
တစ်ယောက်က
ဖွတ်လိုက်တဲ့အကြောင်း …။
စကားကောင်းနေလိုက်တာ
သူငယ်အိပ်ဆိတ်
တံဆက်မြိတ်စွန်းမှာ
လ၀န်းချိတ်ခဲ့ပြီ။
နောက်ဆုံး
ကြံ့လိုက်မုဆိုးက
အသံပြာခဲ့ကြောင်း …
ဖွတ်လိုက်မုဆိုးက
ဓါးမဆုံးခဲ့ကြောင်း
စကားဝိုင်းသိမ်းတော့
သက်ကြီးခေါင်းချ
ထနောင်းပင်စိမ်းစိမ်းမှာ
လရောင်လည်းသိမ်းခဲ့ပေါ့။ ။
အောင်ဝေး
No comments:
Post a Comment