Sep 18, 2007

လွမ်းဆွတ်တောင်ယာ


အလင်းသဲ့သဲ့ကို ငတ်မွတ်ပြီး

ငါ လွမ်းဆွတ်နေရတာ က

နှစ်ပေါင်းများစွာ

ငါ့တောင်ယာလေးက

တစ်ယောက်ထဲ

စကားလည်း ခပ်နည်းနည်းရယ်

ကိုယ့်ကိုယ်ကိုတောင်

မသဲကွဲတဲ့လမ်းမှာ

သည်းသည်းမည်းမည်းနဲ့

လွမ်းရတာ

နည်းနည်းတော့

…………………. မောတယ်။

2 comments:

Anonymous said...
This comment has been removed by the author.
Anonymous said...

ကဗျာတိုင်း အလွမ်းတွေ ပါနေတယ် ။ အလွမ်းကမ္ဘာမှ တနေ့ လွတ်မြောက်နိုင်ပါစေ ။

အလွမ်းတွေနဲ့ ဖွဲ့ စည်းထားတဲ့ ကဗျာတွေကတော့ လှပနေဆဲပဲ.. ဒါကြောင့် အမ ရဲ့ လျှောက်ခြစ်တပုဒ်မှာ ရေးဖူးတယ်..

“အလွမ်းဆိုတာ
စာရွက်ပေါ် ရေးချရင် သိပ်လှတာပဲ”

ခေါင်းစဉ်မပါတဲ့ကဗျာ (၃) ၊ ကျတော်နှင့်မျက်လုံးများ တို့ကိုလည်း ကြိုက်နှစ်သက်မိတယ် ။