နတ်ဦးဘီလူး၊ ဂု မ္ဘဏ်မှူးတို့
ရည်စူးစောင့်ကြပ်၊ ဆံနွယ်ထက်ဝယ်။
ထွေခင်းကစား၊ ပတ္တမြားနှင့်
ဝံ့ကြွားဂုဏ်အင်၊ ထိပ်ထားခင်သည်
ကြည်လင်ဝင်းပ၊ ရူးအောင်လှ၏။
ဝေရည်ချောက်ချား၊ လှဖုရားကို
ကိုးစားမျှော်လင့်၊ လွမ်းသင့်သစ္စာ
ရင်မှာပွင့်သည်၊ တည်ကြည်စကား
ထိပ်ထားသိပါ။
ရင်နင့်အောင်လွမ်း၊ မမီပန်းတွက်
စမ်းဝါးပျောက်လမ်း၊ ကြမ်းကြမ်းလိုကြမ်းစေ
ငါလှမ်းလျှောက်မည်။
အလွမ်းသစ္စာ၊ ငါ့အမှာအား
ကဗျာနွဲ့ ချို၊ စာဖွဲ့ ဆိုမည်
ထိပ်ထားခင်ပျို၊ နားဆင်လိုလျှင်
ထိပ်ထားသခင်၊ နား ဆင် လျှင် . . . .
No comments:
Post a Comment