Oct 26, 2007
အောက်တိုဘာလမှာ အယားပြေ ရေးတဲ့ကဗျာ
ကမ္ဘာကျော် လူလိမ်ကြီးများလေ
ဘယ်လိုပဲပြောပြော
ဘယ်တော့မှ နာတယ်မရှိဘူး။
လိမ်ပါတယ်ဆိုမှတော့
လိမ်တယ်ပေါ့ဗျာ။
လိမ် လိမ် လိမ်
ပြောင်ကြီးကိုလိမ်။
ခေတ်စကားနဲ့ပြောရရင်
တကယ့်ကို ဖလာကြီးပဲ။
ဆိုကြပါတော့
၁+၁ ဆိုတဲ့ကိစ္စမျိုးကိုတောင်
ခပ်တည်တည် သုည လုပ်ပစ်တော့တာမျိုး။
ဟုတ်ကဲ့
ကျုပ်တို့ကတော့မယုံပါဘူး
မိတ်ဆွေအနေနဲ့လည်း
ယုံစရာအကြောင်းရှိလိမ့်မယ်မထင်ဘူး။
ထိပ်ဖူးတွေကိုကြောက်မိနေတော့လည်း
မျက်နှာလွှဲနေရတယ်။
တချို့ လက်ညိုးသွားထောင်ကြတယ်။
တချို့ ခေါင်းလိုက်ငြိမ့်ကြတယ်။
တချို့ ရင်နာဖို့ကောင်းတာက
ကိုယ့်အသားတွေဖြစ်လျက်နဲ့
လောက် ဘ၀ ပြောင်းသွား ။
ဘယ်လောက်များရွံဖို့ကောင်းထားလည်း။
Label
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment