ပြည်သူတွေကို စော်ကားတယ်ဆိုရင်
မြန်မာပြည်က ထောင်တွေကို
ငါတို့ သံဃာတော်တွေနဲ့ ဖြည့်လိုက်မယ်ဟေ့
ရဲရဲ တောက် သံဃာ့စကား
ကြားရတာ အားနာတယ်။
ပြည်သူ့ အခွင့်အရေးအတွက်
သံဃာတွေ က ရှေ့ ထွက် နေရတာ
တပည့်တော် တာဝန်မကျေပါ ဘုရား။
စစ်တပ်က သေနတ်နဲ့မိုး
အမျိုးမျိုး ဖြဲကြောက်ပြလည်း
မေတ္တာ တွေသာ လွှမ်းရုံ
သြော် . . . ပြည်သူတွေ လုံခြုံ ပါစေတော့။
ဒီမိုကရေစီ၊ ဒီမိုကရေစီ၊ဒီမိုကရေစီ
သံဃာ့သွေးနဲ့ ရင်းရမတဲ့လား
ဒါဆိုရင် ငါတို့ မတရားဘူး။
၂၆.၉.၀၇
သံဃာ့သွေးမြေခပြီ။
၂၇.၉.၀၇
ဟိုမှာ၊ ဒီမှာ ၊ ဟိုးနားမှာ
သွေးတွေ၊သွေးတွေ၊သွေးတွေ၊သွေးတွေ
သံဃာ့သွေး၊ ကျောင်းသားသွေး၊
ပြည်သူတွေရဲ့သွေး။
မျက်ရည်ကျရုံကလွဲပြီး
တပည့်တော် တာဝန်မကျေပါ ဘုရား။
သံဃာတွေ၊ကျောင်းသားတွေက
သူတို့ရဲ့ အသက်တွေကိုပေးလှူ
အရေးတောာ်ပုံအောင်မြင်မှ
ငါတို့က လွပ်လပ်ရေးကို
ပြုံးပြီးတော့ ယူကြဦးမယ်
ဟင့်အင်း မတရားလိုက်တာ။
လက်အုပ်ချီမိုး ရှိခိုးရင်း
အရှင်ဘုရားတို့ ကို
တောင်ပန်အပ်ပါတယ်ဘုရား။
တပည့်တော်တာဝန်မကျေပါ။ ။
၂၇.၉.၀၇
No comments:
Post a Comment