Oct 29, 2007

ရန်ကုန်တက္ကသိုလ်နှင့် ကျွန်တော်

စာတွေ့ တွေနဲ့ စိတ်ကူးပြီး ပျော်ရွင်ခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာ ကျွန်တော်တို့ရဲ့ ခေတ်မှာ ပုံပြင်၊လိုလို ဒဏ္ဍာရီလိုလိုကနေ အခုဆိုရင် ယုံတမ်းစကား လို့တောင်ထင်စရာအကြောင်းရှိ ပါတယ်။
၂၀၀၁ မှာ ဆယ်တန်းအောင်ခဲ့တဲ့ ကျွန်တော်နဲ့ ရန်ကုန်တက္ကသိုလ် စတင်ပတ်သတ် ခဲ့ ပုံက နည်းနည်း တော့ ကို့ယို့ ကားယားနိုင် ခဲ့ပါတယ်။အဲဒီတုန်းက HRD ဖွင့်တဲ့ (B.A, B.Sc) အတန်းတွေလျှောက်ဖို့အတွက် သူငယ်ချင်းတစ်စု ရန်ကုန်တက္ကသိုလ်ရောက်ခဲ့တာပါ။ပြောရရင်တော့ main ထဲမှာကျောင်းတက်ချင်လို့ပါပဲ။ main ထဲမှာပဲ တက်ရ တယ် အောက်မေ့လို့ပါ။( နောက်ပိုင်းမှ သိရတာက စာမေးပွဲ ဖြေ တာနဲ့ တစ်ချို့ ပရယ်တီကယ် တွေလောက်ပဲ main ထဲမှာ ဖြစ် ပြီး B.Sc အတန်းတွေက ဒဂုံ မှာ၊ B.A တန်းတွေကတော့ တာဝမှာ တက်ရတာပါတဲ့) လျှောက်လွှာကတော့ မရခဲ့ပါဘူး။ ထားပါ ကျွန်တော်အခုပြောခင်တာက main ထဲရောက်ရောက်ခြင်းမှာရ ခဲ့တဲ့အတွေ့အကြုံပါ ။
ရန်ကုန်တက္ကသိုလ်ရဲ့ နာမည်ကျော် ခြင်္သေ့တံခါးကို ၀င်လိုက်ရတယ်ဆိုရင်ပဲ ခံစားချက်က အပြင် ကနဲ့ လုံးဝကိုမတူပါဘူး။မေးရင်းမြန်းရင်းနဲ့ လျှောက်လွှာတွေရောင်းပေးနေရာ ကိုရောက်လာကြပါတယ်။ ပေါ်တီကိုအောက်လို့ အလွယ်ခေါ်ကြတဲ့ cash မှာပါ။သစ်ပုပ်ပင်ဘေး စာကြည့်တိုက်ရဲ့ မျက်စောင်းထိုးနားမှာ car parking ရှာရင်း ကစတာ။ဒီနေရာမှာ ဖြတ်ပြောချင်တာကတော့ ကျွန်တော်တို့ကို ၀တ္ထု ဇတ်လမ်းတွေထဲ ကလို ကောင်မလေး လှလှလေးတွေနဲ့ ပြဿနာဖြစ်လိမ့်မယ်လို့ ထင်မထားစေချင်ပါဘူး။ ဟုတ်မှမဟုတ်ဘဲ။
ဒီလိုပါ။ ကျွန်တော်ကသာ ကြီးကြီးကျယ်လျှောက်ပြောနေတာ တကယ်တမ်းကတော့ ဘာမှ မဟုတ်တဲ့ကြားဖူးနားဝ ကိစ္စမျိုးပါပဲ။သစ်ပုပ်ပင်ဘေး စာကြည့်တိုက်မျက်စောင်းထိုးမှာ ဈေးရောင်းနေတဲ့ ကုလားမကြီးကို ကားနဲ့ဝင်တိုက်မိတာပါ။ အရှိန်မပါသလို ကားခေါင်းနဲ့ဝင်ကြုံးတာလည်းမဟုတ်ပါဘူး။parking အရှာ back ဆုတ်ရင်းဖြစ်တာဆိုတော့ အရှိန်ကိုစဉ်းစားကြည့်ကြ ပေါ့။
အမှန်အတိုင်းပြောရရင်တော့ အဲဒီတုန်းက ကားမောင်းတဲ့သူငယ်ချင်း ကတော့ကားမောင်းနည်းနည်းကြမ်းပါ တယ်။ ဆယ့်ခြောက်နှစ်သားအင်္ကျီနဲ့ ဆယ်တန်းအောင်ကာစ ကားတက်မောင်းရတဲ့ အချိန်ဆိုတော့ ဟော့ဟော့ရမ်းရမ်း မဟုတ်ပေမဲ့ ဟော့မလိုရမ်းမလို့အချိန်မျိုးပါ။တစ်ခုထပ်ပြောစရာရှိတာက ကားထဲမှာဖွင့်ထားတဲံသီချင်းသံက အပြင်ကအော်သမျှ ဟစ်သမျှ အသံတွေကို ကောင်းကောင်းကြီး
ကာကွယ်ထားနိုင်ပါတယ်။ ကျွန်တော်တို့သတိထားမိတဲ့အချိန်ရောင်တော့ ကုလားမကြီးခမျာ ခြံစည်းရိုးနဲ့ ကားနဲ့ ကြားမှာ ကားယားကြီးဖြစ်နေပါပြီ။
ဒီတော့မှကားပေါ်ကဆင်းကြ ကျောင်းလုံခြုံ ရေးဝန်ထမ်းတွေရောက်လာကြ နဲ့ ပြာယာခတ်ကုန်ကြပါတယ်။ ၀န်ထမ်းတွေကကျောင်းသားကဒ်တောင်းမရတော့ လိုင်စင်တွေဘာတွေလုပ်လာပြန်ရော။ ကံကောင်းသွားတာကကားမောင်းတဲ့သူငယ်ချင်းမှာ (ဘယ်လိုအင်ထုထားမှန်းမသိတဲ့)
လိုင်စင်ရှိနေခဲ့တာပါ။ ၀န်ထမ်းတွေကတော့ လိပ်စာလေးဘာလေးမှတ်ပြီး ကျေနပ်အောင်လုပ်ပေးလိုက် ဆိုပြီး ပြန်လှည့်သွားကြပါတယ်။
ကျွန်တော်တို့မှာကျေးဇူးတင်ဖို့တောင်သတိမရကြဘူး။ ဒီတော့မှ ကုလားမကြီးဘက်ကိုလှည့်ရတော့တယ်။ သူကလည်း မိုးရွာတုန်း မို့ရေခံတာလားမသိထိတ်လန့်ကြောက်မက်ဖွယ်ရာကို
ညည်းညူ ပြတော့တာပါပဲ။(အိုက်တင်ကလည်း တောကြိုက်ကားထဲက လူမသိသူမသိ ဇာတ်ပို့ ရဲ့ ယုတ္ထိမတန်တဲ့ အိုက်တင်လောက်တောင် မဟန်ပါဘူး)ခုနကလုံခြုံရေးတွေနဲ့ ရှင်းနေတုန်းက
အကောင်းကြီးပါ။ကျွန်တော်တို့ က မှားတဲ့သူတွေမို့ ဘာမှတော့အထွန့်မတက်ပါဘူး။ သူပြောသလို ဆေးခန်းလိုက်ပို့ပါတယ်။(ဆေးဖိုး ကတော့ မမှတ်မိပါဘူး)ကုလားမ ကြီးကို ဆေးခန်းမှာ
သူငယ်ချင်းတစ်ယောက်နဲ့ ထားခဲ့ ပြီး ကျွန်တော်ရယ် ကားမောင်းတဲ့သူငယ်ချင်းရယ်က အိမပြန်ပြီးပိုက်ဆံသွားယူရတယ်။ ကုလားမ ကိုပေးလိုက်ရတဲ့ ငွေကတော့ မှတ်မိနေခဲ့ပါတယ် တစ်သောင်း ပါ။
ဒီလိုနဲ့ ကိစ္စ၀ိစ္စ တွေအပြီး ကျောင်းထဲပြန်လာတဲ့အချိန်မှာတော့ ဖောင်ထုတ်ပေးတဲ့ အချိန်ကို လွန်သွားခဲ့ပါပြီ။ နောက်တစ်နေ့ ထပ်သွားတော့လည်း တိုးမပေါက် ပဲ (အဲဒီနေ့ က နောက်ဆုံဖြစ်နေပြီ )ရလာတဲ့ဖောင်ကျသူငယ်ချင်းအရေအတွက်နဲ့ မလောက်လို့ ပြီးပြီးရောပဲ တင်ပစ်ခဲ့တာပါပဲ ။ရလည်းမရပါဘူး။
သူငယ်ချင်းတွေက ဒီလောက်မဟုတ်ပေမဲ့ရန်ကုန်တက္ကသိုလ် အရမ်းတက်ချင်တဲ့ ကျွန်တော် ကဖွင့်သမျှ သင်တန်းတွေကို ပဲစောင့်မျှော်နေမိတာပါ။
ဒီလိုနဲ့ တစ်နေ့မှာ(အခုတော့ မာလာဆောင် ကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့) global English ဆိုတဲ့ ဒစ်ပလိုမ်ာတန်းကို တောင်ငူဆောင်မှာ တက်ခွင့်ရခဲ့ပါတယ်။ကျွန်တော်တက်ခဲ့ရတာ သင်တန်းရဲ့ ပထမဆုံးအပါတ်စဉ်မှာပါပဲ။အဲဒီ ဒစ်ပလိုမာအတွက နှစ် နှစ်နီး ပါးတက်ခဲ့ရပါတယ် (တစ်နှစ်နဲ့ ကိုးလလေက်ပါ)။ တကယ်တမ်း level တစ်ခုကို နှစ်လ ခွဲနှုန်းနဲ့ level ငါးခုပဲ ရှိတဲ့အတန်းပါ။
ဘာကြောင့်မှန်းမသိပဲ level 1 နဲ့ 2 ကြားမှာ တော်တော် စောင့်လိုက်ရလို့ ဒီလောက်ကြာသွားတာပါ။
အုဒီတုန်းကတော့ ဆယ်တန်း အောင်ကာစ လူတွေအတွက် မိန်းထဲမှာ လိုက်တက် စရာ dip အတန်းတွေ တော်တော်များများ ရှိနေခဲ့ပါတယ် ။
တောင်ငူမှာဆို global၊ မန္တလေးဆောင်မှာ က ကျောက်မျက်ရတနာ ဒစ်ပလိုမာ၊ ရာမညဆောင်မှာ DBL တို့ DML တို့ ၊physics ဆောင်မှာကျ e.c တို့ ITတို့ အပြင်
တခြားကျွန်တော်သေချာ မသိတာတွေပါ ရှိပါသေးတယ်။ အခုတော့ အဲဒီအတန်းတွေဟာ ဘွဲလွန်တွေဖြစ်ကုန်ကြပါပြီ ။ မှတ်မိသလေက် မေ ၇ ဗုံးပေါက်အပြီး ကျောင်းထဲ အ၀င်အထွက်
ကန့်သတ်လိုက်ပြီးတဲ့နောက်ပိုင်းလို့ပဲထင်ပါတယ(်မှားရင်ပြင်ပေးကြပါ)။
ကျွန်တော် က အဲဒီ global အတန်း အပြင် ပါမောက္ခ ဒေါက်တာစိန်ထွန်းရဲ့ e.c ကိုလည်း သွားတက်ဖြစ်ခဲ့ပါသေးတယ်။ တစ်ပါတ်ကို ခြောက်နာရီ ပဲသင်ရတဲ့ global
ထက်စာရင် e.c က တက္ကသိုလ်တက်ရတာနဲ့ ပိုတူပါတယ်။ မနက် ၇ နာရီကနေ ညနေ ၄ နာရီ အထိတက်ရတာကြောင့် ကျောင်းမှာ ကျောင်းသားအဖြစ်နေရတဲ့အချိန်ပိုများပါတယ်။
Lecture ချိန် practical ချိန်တွေလည်းရှိတာကြောင့် အတန်းချိန်တွေဘာတွေလည်းလစ်လိုဂရပါတယ်၊ ရိုးလ်ရှိမှာလက်မှက်ခိုးထိုးတာတို့ ဘာတို့လည်းအပါအ၀င်ပေါ့။
ကျွန်တော်ထင်ပါတယ် main မှာခံစားရတဲ့တက္ကသိုလ်ကျောင်းသားအရသာဟာ တခြားဘာနဲ့မှမတူဘူး လို့ ။ ကျွန်တော့ရဲ့ အစွဲအလန်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ကျွန်တော်က အဲဒီ e.c ထက် ရန်ကုန်တက္ကသိုလ်ရဲ့ နာမည်ကျော် ဦးချစ်လက်ဘက်ရည်ဆိုင်ရှိရာ တောင်ငူ ပါတ်ဝန်းကျင် ကို ပိုနေပျော်ခဲ့ပါတယ်။ တောင်ငူ နဲ့ ပါတ်သက်တဲ့
ခံစားချက်တွေကိုတော့ နောက်မှသပ်သပ် ထပ်ရေးပါဦးမယ်။

No comments: