ထူသလား၊ ပါးသလား၊ ငါ
မသိ။ အရှိ
တရားလား၊
ရှိမှုမသေချာခြင်း
လား။ စကား
ပြောခဲ့၊ အခါခါ၊ တိမ်တွေနဲ့၊ ငါ
စကား
ပြောခဲ့တာ၊ အခါခါ။
ရွာသွန်းနိုင်သော၊ နေ့ရက်၊ များ။
တနင်္ဂနွေက၊
စလို့၊ စနေအဆုံး၊ လဆန်းဖြစ်
မလား၊ လဆုတ်၊ သို့မဟုတ်၊ လပြည့်
ဘယ်
နေ့တွေမှာ၊ ဘယ်အခါ ရွာမယ်ဆိုလည်းရွာချင်ရွာ။ ငါ။
လေ့လာမှုတွေ
အားမပါ။
ပြိုမှာလေလား၊ ငိုမှာလား၊ ရွာ
မယ်ဆိုလည်း၊ ရွာ
ချင်ရွာ၊ စိုစွတ်ခွင့်မှ မရတာ။
အချိန်တွေ၊
ကြာ။ မနေ့တုန်းက၊ ဟိုနေ့က၊ ဟိုး
နေ့
တွေတုန်းက။ ပျောစရာ
ဟုတ်သလား၊ မဟုတ်၊ ဘူးလား။
မသေချာ။
ယခု၊ လက်ရှိ/လက်တလော။ ဒါတွေပြောတိုင်း
အခါခါ ဒေါပွခဲ့တာ - - - ငါ ။ ။
No comments:
Post a Comment