Oct 30, 2007

နောင်တ

လောကဓံရာသီတွေ
အရောင်မပြောင်းခင် ထဲက
“ဂငယ်” ကွေ့နဲ့ လှည့်ပြန်ခဲ့ရတဲ့
တေလေတစ်ယောက် ပါ ။

ဘာမှ သာယာ စရာမကောင်းဘူး ။

အနောက်မှာ
အရောင်မှိုင်းမှိုင်း ရာဇ၀င်ရိုင်းတွေက
အပြိုင်းပြိုင်းနဲ့
လက်ပြနှုတ်ဆက် . . .
အထပ်ထပ်မှားခဲ့ရတဲ့ ဘ၀ တွေ ။

ဟိုးအရင် စကားမပြောတတ်ခင်ထဲက
ငါ့အပေါ်မိုးထားတဲ့ "ဓါး”
အခုတော့လည်းအလကားပဲ။

ပြီးတာတွေလည်း ပြီးခဲ့ပါပြီလေ။

နောင်ဘ၀ အဆက်ဆက် အတွက်တော့
(ဟောဒီ)
ငါ့ဖိနပ်တစ်စုံ ဟာ
ဘယ်တော့မှ ပုံပြင်မဖြစ်စေရဘူး။ ။

No comments: