ပြောစရာ စကားတွေ မရှိတော့တဲ့အတွက်
တိမ်တွေကို လေက သယ်ဆောင်သွားပြီ
ရယ်နေရင်းနဲ့ပဲ ငိုတတ်ခဲ့ ။
တစ်နေရာရာ မှာပျောက်ရှ
အရာအားလုံး
ရှုံးနိမ့် ရခြင်းတွေနဲ့
ပြုံး မပြရုံ မက
နင် မုန်းသွားခဲ့တာ
ရယ်နေရင်းနဲ့ပဲ ငိုတတ်ခဲ့ ။
ကံကို ပဲ ယိုး ရတော့မလား
ရယ်လျှက်နဲ့ တတ်ခဲ့တဲ့ အငိုဟာ
အတိုး မရတဲ့အပြင်
အရင်းပါပြုတ်ခဲ့ရတာ။
နောက်တော့လည်း
ပွေလီရှုပ်ထွေးလွန်းတဲ့
လူမှုရေးကောင်းကင်ထဲမှာပဲ
အချက်ချက် ကျကျ စီးနင်းပျံသန်း
ရယ်နေရင်းနဲ့ပဲ ငိုတတ်ခဲ့ ။
မျှော်လင့် ခဲ့သမျှတိမ်းမှောက်
ကြောက်မက်ဖွယ်ရာကံကြမ္မာ
ကိုယ်လိုလားရာ စာမေးပွဲအတွက်
ပြက္ခိဒိန်ပေါ်မှာ ရက်ရာဇာ လိုပြီလား ။
ပင်လယ်ထဲမှာ တိမ်တွေစီးရသလို
ဟိုင်းဝေးလမ်းမပေါ် က အပြုံးတွေရယ်၊
ရယ်နေသလို၊ ငိုနေသလို မျက်လုံးများနဲ့ ရယ်
ရယ်နေရင်းနဲ့ပဲ ငိုတတ်ခဲ့ ပါတယ်။ ။
No comments:
Post a Comment