Nov 12, 2007

တိုးတိုးတိတ်တိတ်



အလွယ်ကြည့်ပြီး မချစ်ကြောင်း
တကယ်သိအောင် ပြောချင်တယ်။

တွယ်ငြိတာ ကြာခဲ့ပြီ
ကွယ် . သိပါ
ခါခါပန်ကြားချင်လဲ
ယှဉ်ပြိုင်ရန် ခွန်အားမရှိ
ရင်မှာလည်းမချိပါ။

တိတ်တဆိတ် သိုသိပ်ဖို့အရေး
ကြိတ်မှိတ် မျိုသိပ်နေရတဲ့လမ်းမှာ
အလွမ်းတွေ ယိုဖိတ်ကျလာ
ဘယ်သူကလာ ကယ်နိုင်မတုန်း

သိုဝှက်အကြည့် သူမသိအောင်
ခိုကပ်တွယ်ငြိ ခိုးချစ်နေမှာ
စိုးထိတ်ရင်မှာ တွယ်လျက်သာ
တိုးတိတ်ညင်သာ ကွယ်ဝှက်စွာ ။ ။



No comments: