Nov 12, 2007
တစ်ခါက တောင်ငူနေ့ရက်တွေ
အစဦးတွေ
မတူခဲ့ဖူးပေမဲ့
ဒီထောင့်ချိုးရဲ့ အဆုံးမှာ
အကုန်လုံး ရုန်းထွက်လို့ မရ
တစ်ခါတုန်းက ။
စကတည်းက အဆုံးကို ကြိုတွက်
တကယ်တမ်းရက်စက်တော့
နောကဆုံး အချိန်တွေက နည်းလိုက်တာ။
ကိုယ့် ရိုးသားမှု သက်သက် နဲ့သာ
နွေးထွေးခဲ့
ဘယ်သူတွေကများ
ဒီလိုတွေးပေးလိမ့်မတုန်း။
လူမိုက်မဟုတ်ခဲ့တောင်
ငါတို့ စရိုက် ဟာ
လူကြိုက်နည်းခဲ့ပါလိမ့်မယ်။
တစ်ခရီးထဲအဖော်တွေကြားထဲမှာ
တစ်သီးတစ်ခြားတောင်
ဖြစ်လိုက်ကြသေးတယ်။
ကျောင်းစောင့်ကြီး က
တံခါး မပိတ်ခဲ့တောင်
ငါတို့ အတွက် အချိန်စေ့ ခဲပြီ။
တစ်စုတစ်ဝေးနဲ့
(အားလုံးက)
နောင် အမှတ်ရ ဖို့ စီစဉ်ချိန်မှာ
ငါတို့ က သရုပ်ပျက်
ကိုယ့်ဇာတ်လည်း ကိုယ်မနိုင်ခဲ့ဘူး။
နောင်တဆိုတဲ့ အကြောင်းကတော့
ပြောကောင်းရုံ ပါပဲလေ။
ငါ………..လေ
အခု ပြန်မရနိုင်တဲ
စနေ နဲ့ တနင်္ဂနွေ တွေ အပေါ်မှာ
လွမ်းဆွတ်ပူနွေး
အခြားလူတွေရဲ့  အတွေးထဲ မတော့
အေး စက် ကုန် ကြ လောက် ပေါ့
Dip in global English
2003 (dec) – 2003 (aug)
Label
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment