Nov 12, 2007

ငါ့ရင်ထဲက တိမ်တိုက်တွေ မိုးရွာချတဲ့ အခါ


နိုဝင်ဘာ
အပြာရောင်တွေပါပဲ
ဒါပေမဲ့
မှောင် . . .တယ် ။

တကယ်တမ်း
ဆောင်းဆိုတာမှန်း လဲ
သိပါတယ် ။

ဝုန်းဝုန်းဒိုင်းဒိုင်းမျိုးတော့လည်း
မဟုတ်ဘူး
နည်းနည်း နဲ့ ဖွဲဖွဲ ရယ်ပါ။

အဲဒီလိုမျိုး - - -

ငါ့ရင်ထဲက တိမ်တိုက်တွေက
မိုးရွာချတတ်တယ်

No comments: