Jan 26, 2008

ဇာတ်ကွက်မပါသော ချစ်ခြင်း၌အလွမ်းများရှိသည်

ပြန်ပြောပြရန် မလိုအပ်တော့ပြီဖြစ်၍၊
နာလိုသူပေါင်း တစ်သောင်းလောက်ရှိလည်း၊
ကြည့်ကောင်းအောင် ငြင်းလိုက်မည်။
ဇာတ်ကွက်မပါသော ချစ်ခြင်း၌အလွမ်းများရှိ၏။


သူမ၊ သူငယ်ချင်းတွေ - တစ်ယောက်ကို အကြံတစ်မျိုး၊
စကားတစ်ခွန်း ၊ဟုတ်သလား ၊မဟုတ်ဘူး
လား၊ မသေချာ၊ ဟုတ်ချင်ရင်လည်း၊
ဟုတ်နေမှာ။
တေးသွားအပြောင်းအလဲ၊မျက်နှာအပြောင်းအလဲ
ဦးတည်ရာအပြောင်းအလဲ၊ဆက်ဆံရေးအပြောင်းအလဲ၊
အပြောင်းအလဲ၊ အပြောင်းအလဲ၊
နာရီလက်တံတွေက ပြောင်းပြန်လည်လို့
ဘာ၊
ဖြစ်မှာ။
အလွမ်းများရှိသော ချစ်ခြင်း၌
ဇာတ်ကွက်မပါ


တကယ်ပြီးသွားတာသေချာသလား၊ မရေရာ
တစ်နေ့နေ့ရောက်ရင်ဆုံမှတ်တစ်ခု။
ပြိုင်နေတဲ့မျဉ်းတွေတောင် အနန္တမှာ ဆုံဦးမှာ
ပြိုင်နေတဲ့မျဉ်းတွေဆို အနန္တမှာ လည်း မဆုံပါ။
ယူကလစ်လား ၊ရိုင်မန်လား ဘယ်သူက အရင်စပြောခဲ့တာ၊
မသိ။
သူတို့နှစ်ယောက် ရော ထချကြဘူးလား။
ဟောဒီကောင်အတွက်တော့ - - -
အလွမ်းများရှိသောဇာတ်ကွက်သည်
ချစ်ခြင်းဖြစ်၏။


အယောင်ယောင်အမှားမှား။ ချစ်စကား၊ ည၊ လပြည့်ည။
တာမွေဈေး၊ အောက်လမ်း၊ အောက်လမ်း၊ အပေါ်လမ်း၊ အပေါ်လမ်း
နင့်ကိုငါ ၊
ဆူးလေ၊ ဆူးလေ၊ ကျောက်မြောင်း၊သီတာ၊အောင်မင်္ဂလာ။
နင့်ကိုငါ။ ဘူတာကျောက်ကွေ့။
ချစ်လို့ .. .. ..

ဘာ ဟာ . . ၊ တစ်ခွန်းထဲ၊ အဲဒီမှာပဲ၊
အဲဒီမှာပဲ၊ အဲဒီမှာပဲ၊ အဲဒီမှာပဲ၊ အဲဒီမှာပဲ၊ အဲဒီမှာပဲ၊
ဇာတ် .. .. .. လမ်း ပြတ် ခဲ့
တာ။
အလွမ်းမပါသော ဇာတ်ကွက်သည်
ကျွန်တော့ ချစ်ခြင်း
ဟုတ် ပါ ။

1 comment:

Anonymous said...

Virtual Memory sure is becoming cheaper these days. I'm curious as to when we will eventually hit the ratio of $0.01 to 1 GB.

I'm eagerly anticipating the day when I will finally be able to afford a 20 TB hard drive, lol. But for now I will be content with having a 32 gig Micro SD Card in my R4i.

(Posted using Nintendo DS running [url=http://kwstar88.zoomshare.com/2.shtml]R4i[/url] PostNet)