May 28, 2010

ဇာတ်ခုံပေါ်မှ အကြောင်းအရာများနှင့် ခေတ်ပြိုင်

ရသ ကိုးပါးကို အတတ်နိုင်ဆုံး
လွတ်အောင် ရှောင်ခဲ့ရင်းနဲ့
မပြောတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေ
ထုထည်ပျောက်သွားတယ်။

ပြန်မလာဘူးဆိုရင်တောင်
ငါကလည်း ပခုံးတချက်တော့
တွန့်ပေးလိုက်မိမှာပါ။
(အခုတော့ မတင်မကျနဲ့)
ကလစ်တချက်စာ အကွာအဝေးလေးကိုမှ
ခုံမင်နေမိတော့တယ်။

အခုတော့လည်း နေသားကျနေပါပြီ။
လွယ်လွယ်ကူကူ မေ့ထားလိုက်ပါ။

ဇာတ်လမ်းအမျိုးအစားကိုတော့
ရောမန္တိက လို့အမည်တပ်လိုက်တယ်။
ဘာမှ ပြန်မပြောနဲ့ တော့။

2 comments:

littlebrook said...

ခင်ဗျားနော် ယုသဒန်လိုရေးနေ ဆရာမြင့်သန်းစာအုပ်မဖတ်ရသေးဘူးနဲ့တူတယ် :p

မောင်ရှင်းသန့် said...

တမင် ပြောင် ထားတာ ထင်တယ်ဗျ ကိုစိုင်းရ။ ရောမန္တိက တဲ့