သခင်မ
သင်ပျော်ပါးရာ အရပ်သို့
ကျွန်ုပ် မျက်နှာတော်မူပါ၏။
ပန်းအစစ်တို့ ကင်းမဲ့ခဲ့ပြီးသော
ဟင်းလင်းပြင်ထဲဝယ်
ကျက်စားကျင်လည် ရပါအံ့..။
ကံ အလုပ်တို့ဖြင့်
ဂါထာတစ်ပုဒ် ရွတ်ဆို ပြီးမြောက်ငြား...
ဥယာဉ်တော် အတွင်းမှ တားမြစ် ကုန်၏။
နေ၍မတော် သောအရပ်၌
အဘယ်သူ အားကိုးနှင့်
ကျွန်ုပ် မိုက် ရ မည် နည်း..။
ဆင်းရဲခြင်းဓါးသွား ကား
ထပ်ချပ်မကွာ ရှိလှ၏။
အဖန်ဖန်ကြုံနေကျ မိတ်ဆွေရင်း ဖြစ်၍
ဖက်လှဲတကင်း မဖြစ်မိတော့ . . .
ငြိမ်သက်တိတ်ဆိတ်စွာ.......
သခင်မ
သင်ပျော်ပါးရာ အရပ်မှာ
မနေလိုတော့ ပါ။
ကျွန်ုပ်
ခေါင်းမာ့၊ ရင်ကော့ ကာ
လာရာလမ်းအတိုင်း.................သာ။
3 comments:
နေ၍မတော် သောအရပ်၌
အဘယ်သူ အားကိုးနှင့်
ကျွန်ုပ် မိုက် ရ မည် နည်း..။
ဟုတ်ပ.. :)
'အဖန်ဖန်ကြုံနေကျ မိတ်ဆွေရင်း ဖြစ်၍
ဖက်လှဲတကင်း မဖြစ်မိတော့ . . .
ငြိမ်သက်တိတ်ဆိတ်စွာ.......'
ဒီစကားလေးကလှတယ်။
ဆင်းရဲခြင်းနဲ့ သွားကပ်ထားလိုက်တော့ တမျိုးအဓိပ္ပါယ်ပေါ့နော်။
ဒီအတိုင်းလေးလဲ လှတယ်။ ရိုးသွား၊ အီသွားတတ်တဲ့ လူ့သဘော။
ခင်မင်လျှက်
နေ၍မတော် သောအရပ်၌
အဘယ်သူ အားကိုးနှင့်
ကျွန်ုပ် မိုက် ရ မည် နည်း..။
မှန်ပါဧ။်
Post a Comment