Jun 6, 2011

ချစ်သူသို့ (၄)



ချစ်သူရေ
ငြင်းဆန်ခွင့်မရှိတဲ့
မနက်ဖြန်မျိုးတွေက
ငါတို့ ကို စိုးမိုးထားလေရဲ့ . . .။

တောင်အစွယ်စွယ် တောအထပ်ထပ်ကို
ကြုံတွေ့ကြရပြီးမှ . .
ငါတို့တွေ . . .
နီးစပ်ခွင့်ရလိမ့်မယ်။

ဟောဒီကောင် လျှောက်ခဲ့တဲ့ လမ်းကိုက
ကြမ်းလွန်းခဲ့ပါတယ် . . ။

မလိုက်ခဲ့နဲ့ဦးကွယ် . . . .
ကိုယ်  ပြန်  လာ  ခဲ့  မယ်။

No comments: