ဘယ်သူစိမ်း လက်နက်တွေနဲ့များ
အေးစက်ခဲ့ရသလဲကွယ်။
ကံကြမ္မာအစင်းစင်းအတွက်
ဗုံးခိုကျင်းတွေ
ပြင်ဆင်နိုင်ခဲ့လည်း . .
အစွယ်တလက်လက်နဲ့
ဘီလူးနက္ခတ် ကို
အမှတ်မထားမိခဲ့တာကို က
ကိုယ်မှားခဲ့တာ။
ကုလားအုပ်လို...
ငုတ်တုပ်ထိုင်ပြတဲ့နောက်
ခေါင်းလောက်လေးအလုံ
မိုးအလွတ်လှုံ ရုံ လာမတဲ့လား . .။
သစ္စာတရားဆိုတာ
ပြာဝေဝိုးဝါးတဲ့
ဘာသာစကားတစ်တစ်ခုမဟုတ်မှန်း
သစ္စာတရားဆိုတာ
အသွားထက်လွန်းတဲ့
လူသတ်ဓါးတစ်လက်မဟုတ်မှန်း
သစ္စာတရားဆိုတာ
ချစ်သူတွေကြားက
ပြတ်သားတင်းကျပ်တဲ့
နတ်ဖုရားတစ်ပါး ဆိုတာ
သိထားပြီးကြောင်း
ဂါထာတစ်ပုဒ်လို . . .
တို့တတွေ ရွတ်ဆိုလို့ နေရုံ. . .။
No comments:
Post a Comment