မိုးခွင်ရင်ပြင် တစ်ဝှမ်းလုံးမှာ
ချုန်းထစ်ရီဝေပြခဲ့ တာတောင်
'က' ကြိုး 'က' ကွက် တွေ
မှားခဲ့တဲ့ကောင်ပါ။
စကားလုံး စစ်စစ်တွေနဲ့
ဖွင့်ပြလို့ မရတဲ့
ပစ်မှတ် စက်ဝိုင်းမှာ
(ကိုယ်ဟာ) အသွား ချွန်မြတဲ့
ပေါက်ဓါး တစ်လက် လည်း ဖြစ်ခဲ့ရတယ်။
မိုးအကြောင်းလေအကြောင်း သက်သက်နဲ့
ညနက် သွားဖို့ မရှိမှန်းလည်း သိထားခဲ့ပါတယ်။
ပြန်လှည့်မကြည့်မိတဲ့ နာရီမှာ
တစ်ရာသီစာ မျက်ဝန်းနီတွေ က
ခိုတွဲဝေသီ . . .
ခဏတာ မိုးမချုပ်ခင် အမီ။
11.8.2013
No comments:
Post a Comment