ဘဝကို ဆစ်ပိုင်းလို့
ကိုယ့်ကိုယ်ကိုယ်
ပြန်ငုံ့ကိုင်းကြည့်တဲ့အခါ
ငါဟာ
သံယောင်လိုက်ခဲ့ရပေါင်း
ငါဟာ
တွင်တွင်ခေါင်းညိတ်ခဲရပေါင်း
ငါဟာ
အဖာတစ်ရာစပ်ခဲ့ရပေါင်း
ငါဟာ
လက်ညိုးထောင်ခဲ့ရပေါင်း
ငါဟာ
ပြုံးပြခဲ့ရပေါင်း
ငါဟာ
စေရာလိုက်ခဲ့ရပေါင်း
ငါဟာ
ခေါင်းငုံ့ခဲ့ရပေါင်း
ငါဟာ
ယုံကြည်ချက်ကို သင်းကွပ်ပစ်ခဲ့ရပေါင်း
ငါဟာ
မျက်တောင်တစ်ဆုံးစာ ဖြေရှင်းခဲ့ရပေါင်း
ငါဟာ
သုံးခွက်တစ်ခွက် ကျိုချက်ခံခဲ့ရပေါင်း
ငါဟာ
မယုံကြည်မှုကို သစ္စာရှိခဲ့ရပေါင်း
များ ....
များပြီ။
မျှော်လင့်ခြင်းတွေ
လင်းပွင့်ဝေတော့မယ့်
မနက်ခင်းကလေးရယ်
ကိုယ်အရောက် လှမ်းလာတော့မယ်။
5.12.2014
ကိုယ့်ကိုယ်ကိုယ်
ပြန်ငုံ့ကိုင်းကြည့်တဲ့အခါ
ငါဟာ
သံယောင်လိုက်ခဲ့ရပေါင်း
ငါဟာ
တွင်တွင်ခေါင်းညိတ်ခဲရပေါင်း
ငါဟာ
အဖာတစ်ရာစပ်ခဲ့ရပေါင်း
ငါဟာ
လက်ညိုးထောင်ခဲ့ရပေါင်း
ငါဟာ
ပြုံးပြခဲ့ရပေါင်း
ငါဟာ
စေရာလိုက်ခဲ့ရပေါင်း
ငါဟာ
ခေါင်းငုံ့ခဲ့ရပေါင်း
ငါဟာ
ယုံကြည်ချက်ကို သင်းကွပ်ပစ်ခဲ့ရပေါင်း
ငါဟာ
မျက်တောင်တစ်ဆုံးစာ ဖြေရှင်းခဲ့ရပေါင်း
ငါဟာ
သုံးခွက်တစ်ခွက် ကျိုချက်ခံခဲ့ရပေါင်း
ငါဟာ
မယုံကြည်မှုကို သစ္စာရှိခဲ့ရပေါင်း
များ ....
များပြီ။
မျှော်လင့်ခြင်းတွေ
လင်းပွင့်ဝေတော့မယ့်
မနက်ခင်းကလေးရယ်
ကိုယ်အရောက် လှမ်းလာတော့မယ်။
5.12.2014
No comments:
Post a Comment