Feb 13, 2015

ချစ်သူသို့ (၁၄)




ရော်ရွက်ဝါတွေ
ဖွေးကနဲ ကြွေတဲ့
လေပြေတွေကြားထဲက စလို့
သစ္စာတိုင်တေးတစ်ပုဒ်ရဲ့
ရင့်ကျက်ခြင်းခုနစ်ထွေမှာ
စကားလုံးတွေကနေ
လွန်မြောက်ခဲ့ကြပြီ။

ချစ်သူရေ
ရှုမျှော်ခင်းတွေရဲ့
ဟိုးတစ်ဘက်ကမ်းအတွက်
တေးသီချင်းအသစ်တွေ
စပ်ဆိုကြရဦးမယ်။

တွဲထားတဲ့
လက်ကလေးတွေက
အမြဲတမ်း မြဲနေလို့။


13.2.2015

No comments: