Oct 19, 2013

ချစ်သူသို့ (၉)



ခုံးမတ် မြင့်မောက်တဲ့
လှိုင်းလုံးတစ်ခုရဲ့ အသွားဟာ
ပျော်ရွှင်ခြင်း နေ့ရက်များ ကို
တတိတိစားသွားတယ်။

ရှိစေတော့ ချစ်သူရေ။

တို့တတွေ
ဂီတ ကို မြတ်နိုးနေသ၍
တေးသွား အသစ်တွေနဲ့
ထုဆစ်ရမယ့် နေ့ရက်တွေက
တစ်ရစ်ပြီးတစ်ရစ်
မျှော်လင့်ခြင်းတွေ က
အသစ်သစ်တွေ ဖြစ်လာမှာပါ။

မြေပြင်ပေါ်မှာ ရှိသမျှ ထားရစ်ခဲ့ကြပြီး
ကောင်းကင်အနား အထိ
ခရီးဆက်ကြမယ်။

အညစ်တန်တဲ့ ကမ္ဘာ ထဲကနေ
လွတ်မြောက်နေကြဦးမယ်ကွယ်။

No comments: