Mar 6, 2014

ချစ်သူသို့ (၁၀)



ချစ်သူရေ . .
အကြားအာရုံရဲ့ ဖြစ်တည်မှုမှာ
အချက်ပေး ခေါင်းလောင်းတီးသံများလို
ဆယ်ကမ္ဘာစာ တိုင်တည် ထားခဲ့တယ်။

မတွေးဘူး၊ မဝေးဘူး၊ မဆွေးဘူး
လောကရဲ့ ဖြောင့်မတ်ခြင်းမှာ
တို့နှစ်ယောက် အတူ
တည်မတ်ဆန်မော့ ကြရအောင်ကွယ်။

အလင်းရောင်ဆိုတာ
မြင်တွေ့ဖို့ ခက်ခဲသည့်တိုင်

တို့တွေ
အထိအတွေ့ နဲ့ နာကြားနိုင်လိမ့်မယ်။


၆.၃.၂၀၁၄

No comments: