တဝှီးဝှီးလိမ့်နေတဲ့ -
ကျောက်သားကျောက်စိုင်များ
လူများ၊
အချိန်ကာလများ၊
ဆောင်းနှောင်းရွက်ကြွေ၊
အသစ်ပြန်မဖြစ်တော့တဲ့ အသက်ရှူပွင့်လေးများ။
အရာအားလုံးဟာ
မနက်ဖြန်ခါမှ ပွင့်တော့မဲ့
သစ္စာပန်းခက်ကလေးလို။
ပြတင်းတံခါးက တိုးဝင်လာမဲ့
မိုးမှုန်မိုးပေါက်ကလေးလို။
ရီရီဝေ၊ ဆွေးဆွေးမြေ့လို့။
နေမိုးဝေ
26.8.2015
No comments:
Post a Comment