Sep 23, 2015
စာမျက်နှာများ
အလင်းစိုစိုတွေကြားမှာပဲ
ငိုခဲ့မိလေသလား။
အလင်းခါးခါးတွေမို့
မှားယွင်းခဲ့ကြသလား။
သေချာတာက
ကိုယ်တစ်ယောက်ထဲ လာပြီး
ကိုယ်တစ်ယောက်ထဲပြန်ခဲ့တယ်။
နင့်နင့်သည်းသည်း
လွမ်းဆွတ်ရူးသွပ်ခဲ့ရတဲ့
နှင်းဆီဖူးကလေးလည်း
အခုဆို အပွင့်တွေဝေလောက်ရောပေါ့။
ကျော်လွန်ခဲ့ပြီးသား
စာမျက်နှာများဟာ
ဝါကျင့်ရင့်ရော်ပြီးဖြစ်လို့
ပိတ်လက်စ၊ ဆက်ပိတ်ထားပါ။
ဘဝကို ရေလောင်းပေါင်းသင်ရင်း
တခါတစ်ရံတော့လည်း
မျှော်ရီလွမ်းမောတတ်လာ။
မိုးတောထဲမှာ ပျော်တတ်ဖို့
မိုးတောထဲမှာမောခဲ့ဖူးပြီ။
အခြေအနေက ပေးခဲ့တာလား၊
အချိန်အခါက မေ့ခဲ့တာလား။
အစမှတ် ကို ပြန်လိုက်ရှာရင်း
အစမှတ်ကို ပြန်တွေ့လိုက်ရပြီ။ ။
နေမိုးဝေ
14.9.2014
Label
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment