Sep 23, 2015

အဝေးကြီးက လာရတယ် (၄)


အတွေးစိတ်ကူးတွေဟာ ဗလာ။
တခါတရံ ပြာလဲ့...လို့။

တိတ်ဆိတ်လွန်းအားကြီးတော့
အသံတွေပါ မည်းမည်းမှောင်လာ။


အလင်းစဉ်တန်းတွေနဲ့
အထိအတွ့ နည်းလာ တဲ့အခါ
လမ်းတွေရဲ့ အလျားဟာ
များသထက်များလာတာမျိုးလား။

သံသရာဟာ ရှည်ကြာဖို့
သေချာနေတဲ့ ခရီးသွားဟာ
မဂ်တားဖိုတားအတွေးတွေကြားမှာ
ပိုပိုပြီးတော့
သာယာလာခဲ့တာ။

အဝေးကြီးက လာရတယ်။

နေမိုးဝေ
 3.9.2015

No comments: