Sep 23, 2015

အဝေးကြီးက လာရတယ် (၅)


 စိတ်ကိုစိတ်ချင်း သိခဲ့ကြအပြီးမှာ
စိတ် စိတ်ချင်း ဝေးကြရတယ်။

ဝေဒနာဟာ
ခန္ဓာပေါ်တည့်တည့်ကျတဲ့အခါ
ဘာမဆို အနာတရတွေ။

တခါတလေမှာ
ဘာစာတန်းမှမထိုးပဲ
ဇာတ်သိမ်းပိုင်းအထိရောက်လာရတာ

အဝေးကြီးကလာရတယ်။

နေမိုးဝေ
11.9.2015

No comments: