ရုပ်ရှင်တခုလို
စီကာပတ်ကုံး ရီငေးတွေးကြည့်တဲ့အခါ
ရုပ်သေပြကွက် တကွက်စာ
စွန်းထင်း ကျန်ရစ်တယ်။
ဇာတ်ကြောင်းတခုလုံးဟာ
ပြန်ပြောပြလို့ မရဘူး။
တသံသရာလုံး
အမိုက်တွေနဲ့မို့
မှောင်။
ရှူထုတ်လိုက်တဲ့ သတိဟာ
နှာသီးဖျားဝ မရောက်ခင်မှာ
စကြာဝဠာ အပြင်ဘက်အထိ
မျောလွင့်ဝေးကွာ . . .
အဝေးကြီးက လာရတယ် ။
နေမိုးဝေ
19.9.2015
No comments:
Post a Comment