Sep 23, 2015

အဝေးကြီးက လာရတယ် (၆)


 မျက်လုံးကလေး မှိတ်လိုက်ရုံနဲ့တင်
တခါက ရှိခဲ့သမျှကို ပြန်တွေ့ရတယ်။

ခဏတွေတိုင်းကို
ကြားနေဆဲ၊ မြင်နေဆဲ၊
သိနေဆဲ၊ ထိတွေ့နေဆဲ
ခံစားမိနေဆဲ။

အကောင်အထည်မရှိတော့တဲ့
ဖြစ်တည်ခဲ့ခြင်းမှာ
ဝေဒနာမှန်သမျှ
ငါ . . .။

အဝေးကြီးကလာရတယ်။
အဝေးကြီးကို
ဆက်သွားရဦးမယ်။

နေမိုးဝေ
12.9.2015

No comments: