Dec 9, 2015

အဝေးကြီးကလာရတယ် (၁၀)


 မထားခဲ့နိုင်မှန်းသေချာပြီးတဲ့နောက်
နာမ်ရုပ်သက်သက်ရဲ့အလေးချိန်ဟာ
အဆမတန်လေးလံရင်း . . .

အဆုံးနဲ့ အစကို ရေတွက်ကြည့်တော့
ကြားကာလတွေက
တဖြည်းဖြည်းများလာ။
ကိုယ်က ကိုယ့်ကိုပြန်တွေ့ဖို့
ကိုယ့်ကို ကိုယ်ကပြန်တွေ့ဖို့
လမ်းနှောက် ခြေပျောက်နဲ့
ဘယ်ကိုမှမရောက်တဲ့ ဥသြသံဟာ
တခုတည်းသော ဆိပ်ကမ်းကလေးဆီကိုပါ။
အဝေးကြီးကလာရတယ်။
အဝေးကြီးကလာရတယ်။
အဝေးကြီးကလာရတယ်။

နေမိုးဝေ
20.11.2015

No comments: